Connect with us

Hi, what are you looking for?

News

ရိ​ခေါဒါရ်သို့ ရဟတ်ယာဥ်ဖြင့် ​ပြောင်း​ရွှေ့​ပေးခဲ့သည့် ရဲတပ်သား​​လေးဦး CDF ထံခိုလှုံ

“အလုပ်ကိစ္စနဲ့ မြို့ထဲကိုထွက်ရတဲ့ အချိန်မှ အရပ်ဝတ်နဲ့ပဲ ထွက်ပြေးလာတာလို့ သိရတယ်။ အခုတော့ လုံခြုံတဲ့နေရာမှ ရှိနေပါပြီ”ဟု ရိ​ခေါ်ဒါရ် ဒေသခံတစ်ဦးက ပြောသည်။

ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ကို ရဟတ်ယာဉ်ဖြင့် ပြောင်းရွှေ့ပေးခဲ့သည့် ရဲတပ်သား ​လေးဦးက ဒေသခံကာကွယ်ရေးတပ်များထံ ဝင်ရောက်ခိုလှုံလာသည်ဟု ချင်းပြည်နယ်အခြေစိုက်သတင်းဌာနများတွင် ဖော်ပြထားသည်။

၎င်းတို့ကို ဖလမ်းမြို့မှ ရိခေါ်ဒါရ် မြို့ကို ဖေဖော်ဝါရီ ၂၆ ရက်က ပြောင်းရွှေ့ခဲ့ရပြီး ၈ရက်အကြာ မတ် ၆ရက်တွင် ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ အမှတ် (၂)ရပ်ကွက် (တီအိုချောင်း) တောင်ကုန်းတပ်စခန်းမှ လက်နက်မပါဘဲ ဒေသခံကာကွယ်ရေးတပ်များထံ ခိုလှုံလာခြင်းဖြစ် သည်။

၎င်းတို့သည် ချင်းတိုင်းရင်းသားများဖြစ်ပြီး အချင်းချင်းမတိုက်လိုသည့်အတွက်ကြောင့် လက်နက်မပါဘဲ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးလာပြီး​ ဒေသခံကာကွယ်ရေးတပ်များထံ ခိုလှုံလာခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

“အလုပ်ကိစ္စနဲ့ မြို့ထဲကိုထွက်ရတဲ့ အချိန်မှ အရပ်ဝတ်နဲ့ပဲ ထွက်ပြေးလာတာလို့ သိရတယ်။ အခုတော့ လုံခြုံတဲ့နေရာမှ ရှိနေပါပြီ”ဟု ရိ​ခေါ်ဒါရ် ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းတို့ကို ဒေသခံကာကွယ်ရေးတပ်များက လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားပြီး ၎င်းတို့၏ မိသားစုများပါ အဆိုပါနယ်မြေကို ပို့ဆောင်ထားပြီးဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ခိုလှုံလာသည့် ရဲလေးဦးတွင် ရဲဒုတပ်ကြပ်တစ်ဦးနှင့် ရဲသားအဆင့် သုံးဦးပါဝင်သည်။ ၎င်းတို့မှာ ရဲဒုတပ်ကြပ် တွန်ပေါင်ပြန်၊ ရဲတပ်သား ကမ့်ဒိမ့်ပေါင်၊ ရဲတပ်သား လားတီရယ်ထန်နှင့် ရဲတပ်သား ထန်ကြွမ်မန်တို့ဖြစ်သည်ဟု ဒေသတွင်းမီဒီယာများက ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့တွင် မတ် ၁ ရက်ကတည်းက အင်အား ၃၀ခန့်ဖြင့် စခန်းချတပ်စွဲ​နေခြင်းဖြစ်သည်။ ထိုစခန်းကို ဒေသခံကာကွယ်ရေးတပ်များက အကြိမ်ကြိမ်တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့က လူငယ် ၃ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းဘေး လက်နက်တွေချကာ ဓာတ်ပုံရိုက်ဝါဒဖြန့်တဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်တို့သာ ညီညွတ်ခဲ့ရင် ချင်းပြည်မှာ စစ်ကောင်စီကင်းစင်နေလောက်ပြီလို့ယူဆကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး အတွင်းရေးမှူး ဆလိုင်းဇကျုံးလျန်က ပြောပါတယ်။