Connect with us

Hi, what are you looking for?

News

မြန်မာသံအမတ် ကို သံအမတ်နေအိမ်ကနေ ထွက်ခွာပေးဖို့ ဗြိတိန်အစိုးရ တိုက်တွန်း

သံအမတ်ကြီးရာထူးကို ဒေါ်အောင်ဆန်းစုကြည်က ခန့်အပ်ခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ညွှန်ကြားမှုအောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်မယ်လို့လည်း အဲဒီကြေညာချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

စစ်အာဏာသိမ်းတာကိုဝေဖန်ခဲ့တဲ့ မြန်မာသံအမတ် ဦးကျော်စွာမင်းကို လက်ရှိနေထိုင်တဲ့ သံအမတ်ကြီးနေအိမ်ကနေ ထွက်ခွာပေးဖို့ ဗြိတိန်အစိုးရက တိုက်တွန်းထားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးဖို့ သံအမတ်ကြီး ဦးကျော်စွာမင်းက ပြီးခဲ့တဲ့နှစ် မတ်လအတွင်းက ကြေညာချက်ထုတ်ပြန်ခဲ့ဖူးပါတယ်။

သံအမတ်ကြီးရာထူးကို ဒေါ်အောင်ဆန်းစုကြည်က ခန့်အပ်ခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ညွှန်ကြားမှုအောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်မယ်လို့လည်း အဲဒီကြေညာချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ လန်ဒန်မြို့က မြန်မာသံရုံး မှာရှိတဲ့ စစ်ကောင်စီသစ္စာခံလူတွေက သံရုံးကိုထိန်းချုပ်လိုက်ပြီး သံအမတ်ကြီး ဦးကျော်စွာမင်းကို သံရုံးထဲ ဝင်ခွင့်မပြုတော့သလို စစ်ကောင်စီကလည်း သံအမတ်ကြီး ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် သံအမတ်ကြီးနေအိမ်မှာ ဦးကျော်စွာမင်းက ဆက်လက်နေထိုင်နေတာဖြစ်ပါတယ်။

သံအမတ်ကြီးနေအိမ်ဟာ လန်ဒန်အနောက်မြောက်ပိုင်းမှာ တည်ရှိပါတယ်။

သံဆူးကြိုးတွေ ၊ လုံခြုံရေးကင်မရာတွေတပ်ဆင်ထားတဲ့ အဲဒီသံအမတ်ကြီးနေအိမ် ကို လက်ရှိအချိန်ဟာ တရားမဝင်အစိုးရ ဖြစ်နေတာကြောင့် သံရုံးထံ ပြန်အပ်ဖို့ ဦးကျော်စွာမင်းက ငြင်းဆိုထားပါတယ်။

သံအမတ်ကြီးနေအိမ်မှာ ဦးကျော်စွာမင်း ဆက်လက်နေထိုင်နေတဲ့ကိစ္စကို ဖြေရှင်းပေးဖို့ စစ်ကောင်စီထံက ဖိအားပေးတာ ရှိနေကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အကြီးတန်းအရာရှိ တစ်ဦးက ဦးကျော်စွာမင်းထံ မတ်လ ၄ ရက် က အီးမေးလ်ပေးပို့လာပါတယ်။

ဦးကျော်စွာမင်း သံအမတ်ကြီးနေအိမ်ကနေ မထွက်ခွာတာဟာ မြန်မာနိုင်ငံမှာရှိနေတဲ့ဗြိတိန်သံရုံး ဝန်ထမ်းတွေအတွက် ဥပဒေကြောင်းအရ ပြဿနာရှိစေနိုင်တယ်လို့ဆိုထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြားရေးရုံးကတော့ တိုက်ရိုက်ဖြေကြားတာမရှိပေမယ့် ဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဦးကျော်စွာမင်းဟာ ဒီမိုကရေစီအတွက် ရဲရင့်စွာ ထောက်ခံအားပေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။

ဒါအပြင် ဦးကျော်စွာမင်းနဲ့ မိသားစုဝင်တွေ ဗြိတိန်မှာ အခြေချနိုင်ဖို့ ထောက်ပံ့ပေးသွားမယ်လို့လည်း ပြောပါတယ်။

ဦးကျော်စွာမင်းကတော့ ဗြိတိန်နိုင်ငံခြားရေးဌာနက ပေးပို့တဲ့ အီးမေးလ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ငြင်းဆန်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်လာတာ ဒါမှမဟုတ် ဗြိတိန်က အသိအမှတ်ပြုတဲ့ မြန်မာအစိုးရ မတက်လာမချင်း သံအမတ်နေအိမ်ကနေ ထွက်ခွာပေးမှာမဟုတ်ကြောင်း သူရဲ့သဘောထားကိုပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထားအိ/People’s Spring စစ်တပ်ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာအသိုက်အဝန်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်သည်။ ယမန်နေ့(စက်တင်ဘာ ၄ရက်)တွင် ကျင်းပသော (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်အဝေး၌ လူမှုရေးဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်း၍ သံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ စစ်တပ်...

သတင်း

စစ်​ကောင်စီက တရုတ်မုန်းတီး​ရေး လှုံ့​ဆော်မှုများပြုလုပ်​နေချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အသစ်အဖြစ် မစ္စမာကျားအား တရုတ်နိုင်ငံ၏ အဆိုပြုချက်အပေါ် အာဏာသိမ်းစစ်ကောင်စီက သဘောတူပြီးဖြစ်ကြောင်း သိရသည်။

သတင်း

လုံခြုံရေးကောင်စီအနေဖြင့်လည်း အဆိုပါအသက်ဆုံးရှုံးမှုများနှင့် မြန်မာအရပ်သားပြည်သူများအား အကာအကွယ်ပေးရန် ပျက်ကွက်ခြင်းတို့အတွက် တာဝန်ရှိသည်မှာ ရှင်းလင်းမြင်သာကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

ဆောင်းပါး

“မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့၊ မြန်မာပြည်သူလူထုက လက်ခံတဲ့ ထောက်ခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာ မျှော်လင့်ယုံကြည်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။

Facebook