Connect with us

Hi, what are you looking for?

News

ပခုက္ကူတွင်ရွာကိုမီးရှို့​​နေသော အကြမ်းဖက်စစ်တပ်နှင့်ပျူ​စောထီးများကို PDFများတိုက်ခိုက်၊ ပျူသုံးဦးကိုအရှင်ဖမ်းမိ

စစ်ကောင်စီ၏ အထက်ပါလုပ်ရပ်သည်အိမ်ကြက်ချင်းအိုးမဲ သုတ်ခွပ်ခိုင်းသော အောက်တန်းစား နည်းဗျူဟာဟုပြည်သူ့ကာကွယ်ရေးအဖွဲ့ များက ပြောသည်။

(စစ်ကိုင်းတိုင်းရှိ​ကျေးရွာတစ်ရွာတွင် ပျူ​စေားထီးများကိုအကြမ်းဖက်စစ်တပ်ကစစ်သင်တန်း​ပေး​စဥ်။ ဓါတ်ပုံ-CJ)

ပခုက္ကူတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ကျေးရွာတစ်ရွာအား မီးရှို့ ဖျက်ဆီးနေစဉ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပျူစောထီးသုံးဦးအား အရှင်ဖမ်းဆီးထားသည်။

စစ်ကောင်စီကို ဆန့်ကျင်နေသည့် ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများက မတ်လ ၉ရက်ညတွင် ဖျက်ဆီးနေစဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းပခုက္ကူ တော်လှန် ရေးတပ်ဦး(PRF)က သတင်းထုတ်ပြန်သည်။

ပခုက္ကူ တော်လှန်ရေးတပ်ဦး (PRF)၊ ပခုက္ကူမြို့ပြ ပြောက်ကျားတပ်ဖွဲ့ (PUGF) ၊ PKU Generation 2 နှင့်ဒေသခံတော်လှန်ရေး တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပျူစောထီးသုံးဦးကို အရှင်ဖမ်းမိထားပြီး နောက်ဆက်တွဲ အသေးစိတ်ကို PRF ကမထုတ်ပြန်သေးပေ။အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထု၏ ဥစ္စာပစ္စည်းများကို ဓားပြတိုက်သိမ်းယူနေကြပြီး ပျူစောထီးသင်တန်းများကိုလည်း ယခင်ကထက်ပို၍ ပြုလုပ်နေသည်ဟု သတိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ အထက်ပါလုပ်ရပ်သည်အိမ်ကြက်ချင်းအိုးမဲ သုတ်ခွပ်ခိုင်းသော အောက်တန်းစား နည်းဗျူဟာဟုပြည်သူ့ကာကွယ်ရေးအဖွဲ့ များက ပြောသည်။

“ပျူစောထီးဒလန်ဖြစ်ရန် စိတ်ကူးနေသူများ၊ ဒလန်များကိုလည်း အမြစ်ပြတ် ချေမှုန်းသွားမည်” ဟု(PRF)ကထုတ်ပြန် သည်။

Pakokku Generation-Z ကလည်းအလားတူထုတ်ပြန်ပြီး”ပြည်သူလူထုအနေဖြင့်လည်း ဒီမိုကရေစီတော်လှန်ရေးကို ယခုထက် ပိုမိုကူညီပေးကြပါရန်နှင့် ပျူစောထီးများ၊ ဒလန်များအပါအဝင် စစ်အုပ်စုများကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြပါရန် လေးစားစွာ တောင်းဆိုပါသည်” ဟုတိုက်တွန်းထားသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းသော ပခုက္ကူဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့်ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (PUGF)၊Young Force-UG၊ Pakokku Generation Z၊ Earthquake PDF-UG၊ပခုက္ကူတော်လှန်ရေးတပ်ဦး (PRF)၊ PakokkuRangers ၊RSO၊ Burma Revolution Rangers တို့ စုစည်းကာ မြို့နယ်ပြည့်သူကာကွယ်ရေးတပ်ပေါင်းစု (ပခုက္ကူမြို့နယ်) မကြာသေးမီက ဖွဲ့စည်းခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်ကောင်စီစခန်းတစ်ခုမှာ ဖမ်းဆီးခံထားရတာလည်း အချိန်တခုကြာခဲ့ပြီ။ သူက PDFလည်းမဟုတ်ဘဲ သာမန်ပြည်သူတစ်ဦးပါ။

News Story

ချောင်းဦးမြို့ဟာ စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်က အညာမြို့ငယ်လေးတမြို့ပါ။ သို့ပေသိ နွေဦးတော်လှန်ရေးမှာ ချောင်းဦးမြို့ရဲ့ တော်လှန်ရေးအပေါ်ခံယူချက်၊ ပေးဆပ်ရမှုတွေက မနည်းခဲ့ဘူး။ တော်လှန်ရေးခရီးအစ ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲမှာ စစ်ကောင်စီရဲ့ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ချောင်းဦး PDF လေး နှစ်ဦးရဲ့ "ချောင်းဦး PDF ပါခင်ဗျ။ ချောင်းဦး PDF...

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက မဲပလီစစ်ကောင်စီဗျူဟာစခန်းကို​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂၇)စစ်ဗျူဟာက ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တပ်ပြေးသုံးဦးလိုက်ရှာနေသည့် စစ်ကောင်စီတပ်စိပ်နှင့် PDF တပ်ဖွဲ့များ ထိပ်တိုက်တိုးကာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၃)မှ ပြန်ကြား ရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။