အကြမ်းဖက်စစ်ကောင်စီ အားထားရသည့် ဝါဒဖြန်ချီရေးလမ်းကြောင်းတစ်ခုဖြစ်သောဟန်ငြိမ်းဦး( Han Nyein Oo)တယ်လီဂရမ်ချန်နယ်ကို သတ်မှတ်စံနှုန်းများနှင့်မကိုက်ညီဟုဆိုကာ တယ်လီဂရမ်က ဖယ်ရှားအရေးယူလိုက်သည်။
subscribers တစ်သိန်းကျော်ရှိသော Han Nyein Oo” တယ်လီဂရမ်ချန်နယ်ကိုယနေ့( မတ်လ ၁၁ ရက် ည) ၁၀ နာရီခန့်တွင် တယ်လီဂရမ်က ဖယ်ရှားလိုက်ခြင်းဖြစ်သည်။
Han Nyein Oo” တယ်လီဂရမ်ချန်နယ်သည် ၎င်းတို့၏ သတ်မှတ်စံနှုန်းများနှင့်မကိုက်ညီသဖြင့် ဖြုတ်ချလိုက်ကြောင်း တယ်လီဂရမ်က ဖော်ပြထားသည်ကို တွေ့ရသည်။
“Han Nyein Oo” အမည်ရှိ တယ်လီဂရမ်ချန်နယ်သည် လူတစ်ဦးတစ်ယောက်တည်းက သုံးစွဲခြင်းမဟုတ်ဘဲအကြမ်းဖက် စစ်ကောင်စီ၏ ထောက်လှမ်းရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးတို့မှ အရာရှိများပါဝင်သောအုပ်စုက ထိန်းချုပ်ထားသည့် ချန်နယ်တစ်ခုဖြစ်ကြောင်း ထောက်လှမ်းရေးနှင့်နည်းပညာကျွမ်းကျင်သူများက သုံးသပ်ထားသည်။ ယင်းအကောင့်မှတစ်ဆင့် စစ်ကောင်စီထောက်ခံကြောင်းများဝါဒဖြန့်ခြင်း၊ စစ်ကောင်စီအား ဆန့်ကျင်သူများ၏ ကိုယ်ရေးအချက်အလက်များ ဖြန့်ဝေကာ ဖမ်းဆီးခိုင်းခြင်း၊ ရန်ပြုခိုင်းခြင်းများ ပြုလုပ်ကာ ပြည်သူများကိုအကြောက်တရားရှိလာရန် ၊စစ်ကောင်စီအားမဆန့်ကျင်ရဲအောင်ပြုလုပ်လေ့ရှိရှိသည်။ဟန်ငြိမ်းဦး ၏အဓိကချန်နယ်ကိုဖြုတ်ချအရေးယူလိုက်သော်လည်း subscribers နည်းသောအမည်တူချန်နယ်နှင့် ၎င်း၏မိတ်ဖက်ချန်နယ်အချို့မှာ ကျန်ရှိနေသေးသည်။

Public Service Announcement
၂၀၂၁ ဒီဇင်လာ ၁၂ အသံတိတ်သပိတ် နှင့်ပတ်သပ်၍ ဖေစ်ဘွခ်ပိုစ်တင်သူများကိုအိမ်နှင့် ဆိုင်လိပ်စာများဖော်ပြကာဖမ်းဆီးရန် လှုံ့ဆော်ခဲ့ပြီး ၎င်းတို့နှင့်တစ်အုပ်စုတည်းဖြစ်သောစစ်ကောင်စီတပ်ကလည်း အသံတိတ်သပိတ်ပါဝင်ရန်စီစဥ်သူများကိုဖမ်းဆီးခဲ့သည်။
ဟန်ငြိမ်းဦး ဖေစ်ဘွခ်အကောင့်သည် ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်က မင်းသားမင်းသမီးများ၏ အငြှီအဟောက်သတင်းများတင်၍ Like နှင့် Follower တိုးအောင်လုပ်ခဲ့ပြီး ရွေးကောက်ပွဲအကြိုကာလတွင် NLD ပါတီထောက်ခံသော မင်းသား၊မင်းသမီးများ ၊သရုပ်ဆောင်များကို ပစ်မှတ်ထား၍ အပုပ်ချရေးသားပြီးတိုက်ခိုက်ခဲ့သည်။အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၎င်း၏ရည်ရွယ်ချက်ပေါ်လာပြီး စစ်အုပ်စုကိုထောက်ခံပြီး အာဏာသိမ်းမှုဆန့်ကျင်သူများကိုတိုက်ခိုက်ခဲ့သည်။ ထိုကြောင့် Facebook ကစစ်ကောင်စီနှင့်ဆက်နွှယ်သောအကောင့်များ၊ပေချ်များကို ဖယ်ရှားရာတွင် ပါဝင်သွားသည်။
ဖေသ်ဘွခ်တွင် ခြေချမရတော့သဖြင့်တယ်လီဂရန့်တွင် ချန်နယ်ဖွင့်ကာ စစ်ကောင်စီအတွက်ဝါဒဖြန့်ခြင်း ၊စစ်အုပ်စုဆန်ကျင်သူများကိုတိုက်ခိုက်ခြင်းများပြန်လည်ပြုလုပ်ခဲ့သည်။သူ၏ချန်နယ်တွင် Subscribers များလာသည်နှင့်အမျှ ပြည်သူများအတွက်ပိုအန္တရာယ်များလာသည်။ထိုအခြေအနေတွင် တယ်လီဂရန်ချန်နယ်ကဖြုတ်ချအရေးယူခဲ့ခြင်ဖြစ်ပြီး ၎င်းချန်နယ်ဖြုတ်ချခံရသဖြင့် ပြည်သူအများစုပျော်ရွှင်နေကြသည်။
” အဓမ္မဝါဒီကိုဆန်းကျင့်တာ ဒါအမှန်တရား။ အဲဒီစစ်ခွေးဘောမကြောင့်ပြည်သူတွေဘယ်လောက်နစ်နာဆုံးရှူံးသွားရသလဲဆိုတာပြန်ပီးအချိန်ရောက်ရင်ပြန်ပေးဆပ်ကြရလိမ့်မယ်” ဟု Facebook သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။
ထို့အပြင် Han Nyein Oo အမည်ဖြင့်အခြားတယ်လီဂရန်ချန်နယ်တစ်ခုရှိနေသေး၍ ဖျက်သိမ်းပေးရန်တယ်လီဂရန်သုံးစွဲသူများက မှတ်ချက်ပေးတောင်းဆိုထားသည်။
တယ်လီဂရန်ချန်နယ်ကို ရုရှားမှ Nikolai နှင့် Pavel Durov ဆိုသောညီအစ်ကိုနှစ်ဦးက၂၀၁၃ သြဂုတ်လတွင်စတင်ဖန်တီးခဲ့သည်။၎င်းတို့ ညီအစ်ကိုသည် တယ်လီဂရန်မတိုင်ခင် VK လူမှုကွန်ယက်မီဒီယာကိုလည်းတည်ထောင်ခဲ့ကြပြီး ပူတင်အစိုးရ၏ဖိအားပေးမှုများကြောင့် Pavel Durovသည် VK ကိုရောင်းချပြီး ရုရှားမှထွက်ခွာခဲ့ကြသည်။ထိုနောက် တယ်လီဂရန်ချန်နယ်ကို ဖန်တီးထုတ်လုပ်ပြီးthe British Virgin Islands နှင့် ဒူဗိုင်းတွင်တယ်လီဂရန်ကိုမှတ်ပုံတင်ထားသည်။


















































