Connect with us

Hi, what are you looking for?

LuduNwayOo

News

တယ်လီဂရန်က ဟန်ငြိမ်းဦးချန်နယ်ကိုဖယ်ရှား

subscribers တစ်သိန်းကျော်ရှိသော Han Nyein Oo” တယ်လီဂရမ်ချန်နယ်ကိုယနေ့( မတ်လ ၁၁ ရက် ည) ၁၀ နာရီခန့်တွင် တယ်လီဂရမ်က ဖယ်ရှားလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ အားထားရသည့် ဝါဒဖြန်ချီ​ရေးလမ်း​ကြောင်းတစ်ခုဖြစ်​သောဟန်ငြိမ်းဦး( Han Nyein Oo)တယ်လီဂရမ်ချန်နယ်ကို သတ်မှတ်စံနှုန်းများနှင့်မကိုက်ညီဟုဆိုကာ တယ်လီဂရမ်က ဖယ်ရှားအ​ရေးယူလိုက်သည်။

subscribers တစ်သိန်းကျော်ရှိသော Han Nyein Oo” တယ်လီဂရမ်ချန်နယ်ကိုယနေ့( မတ်လ ၁၁ ရက် ည) ၁၀ နာရီခန့်တွင် တယ်လီဂရမ်က ဖယ်ရှားလိုက်ခြင်းဖြစ်သည်။

Han Nyein Oo” တယ်လီဂရမ်ချန်နယ်သည် ၎င်းတို့၏ သတ်မှတ်စံနှုန်းများနှင့်မကိုက်ညီသဖြင့် ဖြုတ်ချလိုက်ကြောင်း တယ်လီဂရမ်က ဖော်ပြထားသည်ကို တွေ့ရသည်။

“Han Nyein Oo” အမည်ရှိ တယ်လီဂရမ်ချန်နယ်သည် လူတစ်ဦးတစ်ယောက်တည်းက သုံးစွဲခြင်းမဟုတ်ဘဲအကြမ်းဖက် စစ်ကောင်စီ၏ ​ထောက်လှမ်း​ရေးနှင့် စိတ်ဓါတ်စစ်ဆင်​ရေးတို့မှ အရာရှိများပါဝင်​သောအုပ်စုက ထိန်းချုပ်ထားသည့် ချန်နယ်တစ်ခုဖြစ်ကြောင်း ​​ထောက်လှမ်း​ရေးနှင့်နည်းပညာကျွမ်းကျင်သူများက သုံးသပ်ထားသည်။ ယင်းအကောင့်မှတစ်ဆင့် စစ်ကောင်စီထောက်ခံကြောင်းများဝါဒဖြန့်ခြင်း၊ စစ်ကောင်စီအား ဆန့်ကျင်သူများ၏ ကိုယ်ရေးအချက်အလက်များ ဖြန့်ဝေကာ ဖမ်းဆီးခိုင်းခြင်း၊ ရန်ပြုခိုင်းခြင်းများ ပြုလုပ်ကာ ပြည်သူများကိုအ​ကြောက်တရားရှိလာရန် ၊စစ်​ကောင်စီအားမဆန့်ကျင်ရဲ​အောင်ပြုလုပ်​လေ့ရှိရှိသည်။ဟန်ငြိမ်းဦး ၏အဓိကချန်နယ်ကိုဖြုတ်ချအ​ရေးယူလိုက်​သော်လည်း subscribers နည်း​သောအမည်တူချန်နယ်နှင့် ၎င်း၏မိတ်ဖက်ချန်နယ်အချို့မှာ ကျန်ရှိ​နေ​သေးသည်။

Public Service Announcement

Public Service Announcement

၂၀၂၁ ဒီဇင်လာ ၁၂ အသံတိတ်သပိတ် နှင့်ပတ်သပ်၍ ​ဖေစ်ဘွခ်ပိုစ်တင်သူများကိုအိမ်နှင့် ဆိုင်လိပ်စာများ​ဖော်ပြကာဖမ်းဆီးရန် လှုံ့​ဆော်ခဲ့ပြီး ၎င်းတို့နှင့်တစ်အုပ်စုတည်းဖြစ်​သောစစ်ကောင်စီတပ်ကလည်း အသံတိတ်သပိတ်ပါဝင်ရန်စီစဥ်သူများကိုဖမ်းဆီးခဲ့သည်။

ဟန်ငြိမ်းဦး ​ဖေစ်ဘွခ်အ​ကောင့်သည် ၂၀၂၀ ​ရွေး​ကောက်ပွဲမတိုင်ခင်က မင်းသားမင်းသမီးများ၏ အငြှီအ​​ဟောက်သတင်းများတင်၍ Like နှင့် Follower တိုး​အောင်လုပ်ခဲ့ပြီး ​ရွေး​ကောက်ပွဲအကြိုကာလတွင် NLD ပါတီ​ထောက်ခံ​သော မင်းသား၊မင်းသမီးများ ၊သရုပ်​ဆောင်များကို ပစ်မှတ်ထား၍ အပုပ်ချ​ရေးသားပြီးတိုက်ခိုက်ခဲ့သည်။အကြမ်းဖက်စစ်​ကောင်စီအာဏာသိမ်းပြီး​နောက် ၎င်း၏ရည်ရွယ်ချက်​ပေါ်လာပြီး စစ်အုပ်စုကို​ထောက်ခံပြီး အာဏာသိမ်းမှုဆန့်ကျင်သူများကိုတိုက်ခိုက်ခဲ့သည်။ ထို​ကြောင့် Facebook ကစစ်​ကောင်စီနှင့်ဆက်နွှယ်​သောအ​ကောင့်များ၊​ပေချ်များကို ဖယ်ရှားရာတွင် ပါဝင်သွားသည်။

​​ဖေသ်ဘွခ်တွင် ​ခြေချမရ​တော့သဖြင့်တယ်လီဂရန့်တွင် ချန်နယ်ဖွင့်ကာ စစ်​ကောင်စီအတွက်ဝါဒဖြန့်ခြင်း ၊စစ်အုပ်စုဆန်ကျင်သူများကိုတိုက်ခိုက်ခြင်းများပြန်လည်ပြုလုပ်ခဲ့သည်။သူ၏ချန်နယ်တွင်​ Subscribers များလာသည်နှင့်အမျှ ပြည်သူများအတွက်ပိုအန္တရာယ်များလာသည်။ထို​အ​ခြေအ​နေတွင် တယ်လီဂရန်ချန်နယ်ကဖြုတ်ချအ​ရေးယူခဲ့ခြင်ဖြစ်ပြီး ၎င်းချန်နယ်ဖြုတ်ချခံရသဖြင့် ပြည်သူအများစု​ပျော်ရွှင်​​​နေကြသည်။

” အဓမ္မဝါဒီကိုဆန်းကျင့်တာ ဒါအမှန်တရား။ အဲဒီစစ်ခွေးဘောမကြောင့်ပြည်သူတွေဘယ်လောက်နစ်နာဆုံးရှူံးသွားရသလဲဆိုတာပြန်ပီးအချိန်ရောက်ရင်ပြန်ပေးဆပ်ကြရလိမ့်မယ်” ဟု Facebook သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

ထို့အပြင် Han Nyein Oo အမည်ဖြင့်အခြားတယ်လီဂရန်ချန်နယ်တစ်ခုရှိနေသေး၍ ဖျက်သိမ်းပေးရန်တယ်လီဂရန်သုံးစွဲသူများက မှတ်ချက်ပေးတောင်းဆိုထားသည်။

တယ်လီဂရန်ချန်နယ်ကို ရုရှားမှ Nikolai နှင့် Pavel Durov ဆို​သောညီအစ်ကိုနှစ်ဦးက၂၀၁၃ သြဂုတ်လတွင်စတင်ဖန်တီးခဲ့သည်။၎င်းတို့ ညီအစ်ကိုသည် တယ်လီဂရန်မတိုင်ခင် VK လူမှုကွန်ယက်မီဒီယာကိုလည်းတည်​ထောင်ခဲ့ကြပြီး ပူတင်အစိုးရ​၏​ဖိအား​ပေးမှုများ​ကြောင့် Pavel Durovသည် VK ကို​ရောင်းချပြီး ရုရှားမှထွက်ခွာခဲ့ကြသည်။ထို​နောက် တယ်လီဂရန်ချန်နယ်ကို ဖန်တီးထုတ်လုပ်ပြီးthe British Virgin Islands နှင့် ဒူဗိုင်းတွင်တယ်လီဂရန်ကိုမှတ်ပုံတင်ထားသည်။

ဆက်စပ်သတင်းများ