Connect with us

Hi, what are you looking for?

News

တာချီလိတ်၊ မြဝတီနှင့် မူဆယ်မြို့တို့တွင် တရုတ်နိုင်ငံသားများကို ​လောင်းကစားမှုနှင့် လိမ်လည်မှုများ အတင်းကျပ်​စေခိုင်း ​ငွေညှစ်ခြင်းများရှိ​နေဟု တရုတ်​ဆို

“တာချီလိတ်ကလောင်းကစားရုံတွေလည်း တရုတ်တွေဘဲလုပ်နေတာလေ၊သူတို့က ပြောင်းပြန်ပြောနေတာ”ဟု တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။

အွန်လိုင်း​လောင်းကစားများကို တရုတ်နိုင်ငံသားများပင်အဓိကလုပ်​နေ၍ ထုတ်ပြန်ချက်အ​ပေါ်ပြည်သူများမေးခွန်းထုတ်

တာချီလိတ်၊ မြဝတီနှင့် မူဆယ်မြို့များ၌ တရားမဝင်လောင်းကစားမှုများနှင့် လိမ်လည်မှုများတွင် တရုတ်နိုင်ငံသားများကို အတင်းကျပ်စေခိုင်းခြင်းနှင့်လိမ်လည်ငွေညှစ်ခြင်းများရှိနေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ထားကြောင်း တရုတ်သတင်းဌာန ပေါက်ဖော်က မတ်လ ၁၁ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် လစာကောင်းရသည့်ဟုသော အလုပ်အကိုင်ကြော်ငြာများကို ယုံကြည်၍ သွားရောက်လုပ်ကိုင်သည့်အခါ လက်တွေ့တွင် အင်တာနက် လိမ်လည်မှု၊ လောင်းကစားမှုများကိုသာ အတင်းအကျပ်ခိုင်းစေလုပ်ကိုင်ရသည်ဟု ဆိုထားသည်။ ထို့အပြင် ရိုက်နှက်ခံရခြင်းနှင့် မတရားဖမ်းဆီးချုပ်နှောင်ခံရခြင်းများ၊ ငွေညှစ်ခြင်းများပါ ကြုံနေရသည်ဟုလည်း ဆိုထားသည်။

ယင်းအပြင် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများအနေဖြင့် ဥပဒေကို တင်းတင်းကျပ်ကျပ် လိုက်နာကြရန်၊ တရားမဝင်လုပ်ငန်းများကို မလုပ်ကိုင်ကြရန်နှင့် မတရားဖမ်းဆီးခံပါလည်း ရဲတပ်ဖွဲကိုတိုင်ကြားရန် သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ထိုထုတ်ပြန်ချက်ကို ၂၀၂၂ ဖေဖော်ဝါရီ၂၈ရက်ကတည်းက ထုတ်ပြန်ထားခဲ့ပြီး ဩဂုတ်၃၀ရက်အထိ အကျုံးဝင်သည်ဟု ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သတ်ပြီး KIO/KIAမှ ဗိုလ်ချုပ် ဂွန်မော်က “နိုင်ငံကြီးသားများဖြစ်စေလိုပါသည်။ ဒီလိုတွေတောင် ဖြစ်နေပြီလား”ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ထိုသို့သော အွန်လိုင်းလောင်းကစားမှုများကို လုပ်ဆောင်နေသည်မှာ တရုတ်လူမျိုးများဖြစ်ပြီး နိုင်ငံအတွင်း အင်တာနက်ကို အသုံးပြု၍ အွန်လိုင်းလိမ်လည်ခြင်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“တာချီလိတ်ကလောင်းကစားရုံတွေလည်း တရုတ်တွေဘဲလုပ်နေတာလေ၊သူတို့က ပြောင်းပြန်ပြောနေတာ”ဟု တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။

ထိုပြင် ထိုသို့ ထုတ်ပြန်ချက်အရ ၂၀၂၂ ဩဂုတ်မတိုင်ထိ တရုတ်လူမျိုးများက ထိုဒေသများအတွင်း လှုပ်ရှားမှုများကို လူထုက သတိထားစောင့်ကြည်သင့်ပြီး ထူးခြားမူများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံ သတင်းပေးပို့သင့်သည်ဟု ရှမ်းမြောက်ပိုင်းမှ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘရိတ်စနစ်မှာ ချွတ်ယွင်းချက်တွေ ပါနိုင်တာကြောင့် တရုတ် ကားကုမ္ပဏီ BYDဟာ တရုတ်နိုင်ငံမှာ ရောင်းချထားတဲ့ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကား ၁၈၀၀၀၀ ကျော်ကို လာရောက်ပြင်ဆင်ဖို့ ဆက်သွယ်ခေါ်ယူထားပါတယ်။