Connect with us

Hi, what are you looking for?

News

မန္တ​လေး-မုံရွာလမ်းတွင် စစ်​ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၆ဦး​ခန့် သေဟုဆို

စစ်ကိုင်းတိုင်း မန္တလေး – မုံရွာလမ််းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းမဟာမိတ်တပ်များက မကြာခဏ ခုခံတိုက်ခိုက်နေကြသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း မန္တလေး-မုံရွာလမ်းတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး အကြမ်းဖက် စစ်သား ၁၆ဦးခန့်သေဆုံးသွားကြောင်း Myaung Special People’s Defense Forceက သတင်းထုတ်ပြန်သည်။

မတ်လ ၁၀ ရက်က အကြမ်းဖက်စစ်ကောင်စီသည် အင်အား ၅၃ဦးခန့်ဖြင့် ချောင်းဦး-မြင်းမူ ကားလမ်းဘေးရှိ ကျေးရွာအချို့အား ဝင်ရောက်ခဲ့ပြီး ကားလမ်းတစ်လျှောက် ကင်းပုန်းများဝပ်ခဲ့ကြောင်း၊ မတ်လ ၁၁ ရက် နံနက်တွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိုင်းရှာယာဥ်တန်းအား မိုင်းနှစ်လုံး ဖောက်ခွဲခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း Myaung Special People’s Defense Forceက ထုတ်ပြန် သည်။

ထို့နောက် နောက်တစ်နေရာတွင် မိုင်းသုံးလုံး ထပ်မံဖောက်ခွဲခဲ့ရာ အကြမ်းဖက်စစ်သား​ခြောက်ဦးသေဆုံးခဲ့ကြောင်း၊ ထို့နောက် ချောင်းဦးမြို့မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ၏ ​ခြောက်စီးပါယာဥ်တန်းအား ပွိုင့် ၉ ပွိုင့်၊ ပဒေသာမိုင်း အလုံး ၃၀ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကားတစ်စီး ပျက်စီးခဲ့ပြီး အသေအပျောက်စာရင်းမသိရသေးကြောင်း အသိပေးထားသည်။

ကျန်ကားများပေါ်မှ မိုင်းဆင်းရှာသော အကြမ်းဖက်စစ်သားများအနက် ရှစ်ဦးသည် မိုင်းကွင်းများပေါ်ရောက်ရှိနေ၍ သေဆုံးသွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှလိုက်လံပစ်ခတ်သဖြင့် ကြိုတင်စီစဥ်ထားသော ပွိုင့်နှစ်ပွိုင့်၊ ပဒေသာမိုင်း ၁၀လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုများရှိပြီး အသေ အပျောက်စာရင်းမသိရသေးကြောင်း၊ အဆိုပါတိုက်ခိုက်မှုများအား Chaung U PDF၊ Myaung Special People’s Defense Force၊ TTA ပြောက်ကျားတပ်ဖွဲ့၊ နွားထိုးကြီး PDFတို့မှ ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Myaung Special People’s Defense Force သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ချောင်းဦး PDFမှ မိုင်း ၅၅လုံး၊ Myaung Special People’s Defense Forceမှ အဝေးထိန်းမိုင်း ၁၅ လုံး၊ စုစုပေါင်း မိုင်းအရေအတွက် ၇၀ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်း ၄၅လုံးတွင် စုစုပေါင်း ၁၆ဦးသေဆုံးပြီး ကျန်အသေအပျောက်မသိရသေးကြောင်း၊ကျန် မိုင်း ၂၅ လုံးကို အကြမ်းဖက်စစ်တပ်က ရှာဖွေတွေ့ရှိသွားကြောင်း၊အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ပြည်သူ ပိုင် နွားနှစ်ကောင်အားပစ်သတ်သွားပြီး တဲသုံးလုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း Myaung Special People’s Defense Forceက အသိပေးသည်။

စစ်ကိုင်းတိုင်း မန္တလေး – မုံရွာလမ််းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်းမဟာမိတ်တပ်များက မကြာခဏ ခုခံတိုက်ခိုက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။