Connect with us

Hi, what are you looking for?

News

ဖလမ်းမြို့တွင် လူ​နေအိမ်များကို မီးရှို့ရန် ကြိုးပမ်းသည့် လူရမ်းကားသုံးဦးကို CNO ဖမ်းဆီး

CNO၏ ထုတ်ပြန်ချက်အရ မတ်လ ၅ ရက်နှင့် ၆ ရက်များတွင် ဖလမ်းမြို့ရှိ နေအိမ် ​လေးလုံးနှင့် ဖလမ်း-ရိဒ်လမ်းဘေးရှိ လိုင်းမွာလ်ကျေးရွာရှိနေအိမ် တစ်လုံးကိုလည်း မီးရှို့ရန်ကြိုးပမ်းခဲ့သည်ဟု CNOက ဆိုသည်။

ဓာတ်ပုံ - CNO

ချင်းပြည်နယ် ဖလမ်းမြို့တွင် နေအိမ်များကို မီးရှို့ရန်ကြိုးပမ်းခဲ့သည့် လူရမ်းကားသုံးဦးကို အချုပ်ခန်းတွင် ထိန်းသိမ်းထားပြီဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်- CNOက ထုတ်ပြန်သည်။

CNO၏ ထုတ်ပြန်ချက်အရ မတ်လ ၅ ရက်နှင့် ၆ ရက်များတွင် ဖလမ်းမြို့ရှိ နေအိမ် ​လေးလုံးနှင့် ဖလမ်း-ရိဒ်လမ်းဘေးရှိ လိုင်းမွာလ်ကျေးရွာရှိနေအိမ် တစ်လုံးကိုလည်း မီးရှို့ရန်ကြိုးပမ်းခဲ့သည်ဟု CNOက ဆိုသည်။

ဓာတ်ပုံ – CNO

၎င်းတို့သည် မတ်လ ၅ ရက် ညနေ ၉နာရီခန့်တွင် ဖလမ်းမြို့တွင်း နေအိမ် ​လေးလုံးကို ဓာတ်ဆီဖြင့် မီးရှို့ရန်ကြိုးပမ်းခဲ့ပြီး ယင်းကို ငြှိမ်းသတ်နိုင်ခဲ့သည်ဟု ဆိုသည်။

ထိုနောက် ထိုလူရမ်းကား ​လေးဦးသည် မတ် ၆ရက် မနက် ၁၀ နာရီခန့်တွင် ဖလမ်း-ရိဒ်လမ်းမကြီးပေါ်ရှိ လိုင်းမွာလ်ကျေးရွာမရောက်မီ အိမ်တစ်လုံးအား မီးရှို့ဖျက်စီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – CNO

CCTVမှတ်တမ်းနှင့် မျက်မြင်သက်သေများအရ ၎င်းတို့ သုံးဦးအနက် နှစ်ဦးကို မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် မတ် ၁၁ ရက်နှင့် ကျန်တစ်ယောက်ကို မီဇိုရမ်ပြည်နယ် ၊ ဇိုခေါထာရ်ရွာတွင် ဖမ်းဆီးရမိခဲ့သည်ဟု CNOက အသိ​ပေးသည်။

၎င်းတို့ကို ဖလမ်းအခြေစိုက် ဒေသခံကာကွယ်ရေးတပ်CNDF၏ အချုပ်ခန်းတွင် ထိန်းသိမ်းထားသည်။

ဓာတ်ပုံ – CNO

၎င်းတို့ကို ပြည်သူ့အိုးအိမ် ပျက်စီးစေလိုမူနှင့် ကြောက်ရွံတုန်လှုပ်စေမူတို့ဖြင့် ဒေသခံကာကွယ်ရေးတပ်ကအရေးယူသွားမည်ဟု ဆိုသည်။

ထိုပြင် ဖလမ်းမြို့၊ တလန်လိုရပ်ကွက်တွင် မတ်လ၆ရက်က နေအိမ် သုံးလုံးမီးလောင်မှုတွင်လည်း ဖမ်းဆီးရမိသည့် သုံးဦးကို သံသယတရားခံအဖြစ် သတ်မှတ်ထားသည်ဟု CNOက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။