Connect with us

Hi, what are you looking for?

News

တော်လှန်ရေးတစ်ဆင့်တက်ပြီး ရန်သူစစ်ကာင်စီကို အပြီးအပိုင်ချေမှုန်းရန် အချိန်ရောက်ပြီဟု NUG ယာယီသမ္မတပြော

ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အချင်းချင်းပိုမိုနီးကပ်ကာ နားလည်မှုရှိရှိဖြင့် စစ်ကောင်စီကို ဆက်လက်တိုက်ပွဲဝင်သွား ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ယခုတော်လှန်ရေးအောင်နိုင်န် အရေး အကြီးဆုံးအရာမှာ စိတ်ဓါတ်ခွန်အား ဖြစ် ကြောင်း ယာယီသမ္မတက ပြာသည်။

ပြည်သူလူထုများကိုယ်တိုင် ရန်ပုံငွထည့်ဝင်ပြီး တော်လှန်ရေး ဆင်နွှဲလာခဲ့သည်မှာ ခရီးအတော်ရောက်နေပြီဖြစ်ပြီး လက်ရှိအချိန်တွင် ပိုမိုခက်ခဲသည့် ခြေလှမ်းများ တက်လှမ်းပြီး ရန်သူကို အပြီးအပိုင်ချေမှုန်းရန် အချိန်ရောက်လာပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြား သည်။

အစိုးရ အဖွဲ့ဝင်များ အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ကာကွယ်ရေးနှင့် မင်းအောင်လှိုင်၏ စစ်ကောင်စီကို ချေမှုန်းနိုင်ရေး စိတ်ပိုင်းဖြတ်ပြီး၊ ရှိသမျှကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားဖြင့် ပူးပေါင်းလုပ်ဆောင်ကာ တော်လှန်ရေးကို အရှိန်အဟုန်မြင့်တင်ရန် လိုအပ်လာပြီဟုလည်း ယာယီသမ္မတက ပြောသည်။

ယနေ့ ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရ အဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏လိုအပ်ချက် ပြည်သူလူထု၏ တောင်းဆိုချက်များနှင့်အညီ မင်းအောင် လှိုင်ဦးဆောင်သည့် စစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် တည်ထောင် ရေးတို့အတွက် နွေဦးတော်လှန်ရေးကို ဦးဆောင်နေကြခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ကို စနစ်တကျဖွဲ့စည်းပြီး စစ်ကောင်စီပြုတ်ကျရေးအတွက် နေ့စဉ်အင်တိုက်အားတိုက် လုပ်ဆောင်နေကြပြီး အရှိန်အဟုန်လည်း ရှိနေပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အချင်းချင်းပိုမိုနီးကပ်ကာ နားလည်မှုရှိရှိဖြင့် စစ်ကောင်စီကို ဆက်လက်တိုက်ပွဲဝင်သွား ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ယခုတော်လှန်ရေးအောင်နိုင်န် အရေး အကြီးဆုံးအရာမှာ စိတ်ဓါတ်ခွန်အား ဖြစ် ကြောင်း ယာယီသမ္မတက ပြာသည်။

အခက်အခဲများရှိသည့်တိုင် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက်၊ တရားမျှတစွာ ငြိမ်းချမ်းတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေးတို့ကို မျှော်ရည်ပြီး မလျော့သော ဇွဲနှင့်ဆက်လက် လုပ်ဆောင်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။

အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အမှာစကား ပြောကြားရာ အမေရိကန် အစိုးရ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်ဘတ်ဂျက်၌ မြန်မာနိုင်ငံကို ထောက်ပံ့ရန် ဒေါ်လာ ၁၃၆ သန်းကျော်သတ်မှတ်ထားရာ၌ အရေးကြီးသည့် အချက်မှာ အဖွဲ့အစည်းများကိုညွှန်းဆိုသည့် ကိစ္စဖြစ်ကြောင်း၊ အားလုံးပါဝင်သည့် အားလုံးကိုကိုယ် စားပြုသည့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက် ရေးအတွက် မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားလူမျိုးစုများအကြား တန်းတူညီမျှရေးဆောင်ရွက်နေ သည့် အဖွဲ့အစည်းများကို ညွှန်းဆိုရာ၌ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ NUCC၊ CRPH၊ CDM၊ EAOs များ ပါဝင်နသည်မှာများစွာ အားတက်စရာ ကောင်းကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ ဘတ်ဂျက် ဥပဒေကို အတည်ပြုပြီး ရက်ပေါင်း ၉၀အတွင်း ကူညီထောက်ပံ့ရေး အစီအမံများ ညှိနှိုင်းသွားရမည်ဖြစ်၍ NUG အနေဖြင့် သေချာပြင်ဆင် တိုင်ပင်ဆောင်ရွက်ရန် လိုအပ်နေကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။