Connect with us

Hi, what are you looking for?

News

ချောင်းဦး(ပ.က.ဖ)မှ ညမထွက်ရအမိန့်အပါအဝင် ဒေသန္တရအမိန့် ထုတ်ပြန်

ဒေသတွင်း ထူးခြားဖြစ်စဥ်ရှိပါက ဒေသကာကွယ်ရေးအဖွဲ့များထံ သတင်းပေးပို့ရမည်ဖြစ်ပြီး ဤအမိန့်သည် နောက်ထပ်တစ်စုံတစ် ရာမထုတ်ပြန်မချင်း ယနေ့ (မတ်လ ၁၅)မှစ အာဏာတည်ကြောင်း အသိပေးသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ညမထွက်ရအမိန့်အပါအဝင် ဒေသန္တရအမိန့်တစ်စောင်အား ယနေ့(မတ် ၁၅)ထုတ်ပြန်လိုက်သည်။

အဆိုပါ ဒေသန္တရအမိန့်တွင် ည ၉နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအချိန်အဖြစ်သတ်မှတ်ပြီး ထိုကာလအတွင်းသွားလာလိုပါက သက်ဆိုင်ရာဒေသကာကွယ် ရေးအဖွဲ့ထံ ချိတ်ဆက်၍ ခွင့်ပြုချက်ရမှ သွားလာရမည်ဟု ဖော်ပြသည်။

ထို့အပြင် မိမိနေအိမ်သို့ အခြားရွာမှလူလာပါက ဧည့်စာရင်းတိုင်ကြားရမည်ဖြစ်ပြီး ပျက်ကွက်ပါက လက်ခံထားသည့်အိမ်ရှင်ကို အရေးယူခံရမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဒေသတွင်း ထူးခြားဖြစ်စဥ်ရှိပါက ဒေသကာကွယ်ရေးအဖွဲ့များထံ သတင်းပေးပို့ရမည်ဖြစ်ပြီး ဤအမိန့်သည် နောက်ထပ်တစ်စုံတစ် ရာမထုတ်ပြန်မချင်း ယနေ့ (မတ်လ ၁၅)မှစ အာဏာတည်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က ဆင်မြေကျေးရွာကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ရာနဲ့ချီပြာကျနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။