Connect with us

Hi, what are you looking for?

LuduNwayOo

News

လှိုင်မြို့နယ်ရှိ ပညာရေးဌာနဝန်းထမ်းလိုင်းခန်းအနီး သတိပေးဖောက်ခွဲ

“အဲ့ဘက်က အဆင့်မြင့်ပညာဝန်ထမ်းအိမ်ယာတော့ရှိတယ်။ ဘာကြောင့်ခုလို ပေါက်ကွဲမှုဖြစ်တယ်ဆိုတာတော့ သေချာမသိဘူး”ဟု လှိုင်မြို့ နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ ပညာရေးဌာနမှ Non-CDM ဝန်ထမ်းများနေထိုင်သော ဝန်ထမ်းလိုင်းခန်းအနီး သတိပေးဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Generation Z Defence Force (GZDF)က ယနေ့(မတ် ၁၆) ထုတ်ပြန်သည်။

ယနေ့နံနက် ၅ နာရီ ၁၀မိနစ်ခန့်က လှိုင် (၁၂)ရပ်ကွက် မင်းဓမ္မပညာရေးရိပ်သာအနီး C4 ဗုံးတစ်လုံးနှင့် အသံဗုံးတစ်လုံးတို့ကို ဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အဲ့ဘက်က အဆင့်မြင့်ပညာဝန်ထမ်းအိမ်ယာတော့ရှိတယ်။ ဘာကြောင့်ခုလို ပေါက်ကွဲမှုဖြစ်တယ်ဆိုတာတော့ သေချာမသိဘူး”ဟု လှိုင်မြို့ နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

GZDF တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေကြသော Non-CDM ဝန်ထမ်းများအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံးပူးပေါင်းရန် သတိပေးဖောက်ခွဲခြင်းဖြစ်ကြောင်း ယင်းအဖွဲ့မှ ရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

Public Service Announcement

Public Service Announcement

အထက်ပါ သတိပေးဖောက်ခွဲမှုကို Human Right Defender (HRD)နှင့် Generation Z Defence Force (GZDF) ပူးပေါင်းအဖွဲ့တို့မှ လုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။

သတင်း

စစ်ပွဲ၌ စစ်ရေးပီပီပြင်ပြင် ပြုမူတုန့်ပြန်ရသည်ကို လက်ခံနိုင်သော်လည်း စစ်ရေးကျင့်ဝတ်နှင့် မလျော်ညီသည်များကိုအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခွင့်ပြု၍ မရကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။