Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီလုပ်ရပ်များ ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှု မြောက်ဟု NUG သတ်မှတ်

လက်ရှိကျင်းပနေဆဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးသို့ NUGက ‘နိုင်ငံတကာ က အရေးယူရန်လိုအပ်သည့် စစ်ကောင်စီ၏ ဆိုးရွားသောရာဇဝတ်မှုများ’အမည်ရှိ အစီရင်ခံကို တင်သွင်းခဲ့ရာ ယင်းသို့ ထည့်သွင်းသတ်မှတ်ဖော်ပြခြင်းဖြစ်သည်။

(ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများကို စစ်​ကောင်စီ လက်ပါး​စေများက ပစ်ခတ်ဖြိုခွင်း​နေစဥ်၊ ဓာတ်ပုံ - Ye Naung Seven Colour)

အကြမ်းဖက်စစ်ကောင်စီ၏ လက်ရှိလုပ်ဆောင်နေမှုများသည် လူသားမျိုးနွယ် အပေါ်ဆန့်ကျင်သောရာဇဝတ်မှု(crime against humanity)နှင့် စစ်ရာဇ ဝတ်မှု(war crime)မြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတ်မှတ်လိုက်သည်။

လက်ရှိကျင်းပနေဆဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးသို့ NUGက ‘နိုင်ငံတကာ က အရေးယူရန်လိုအပ်သည့် စစ်ကောင်စီ၏ ဆိုးရွားသောရာဇဝတ်မှုများ’အမည်ရှိ အစီရင်ခံကို တင်သွင်းခဲ့ရာ ယင်းသို့ ထည့်သွင်းသတ်မှတ်ဖော်ပြခြင်းဖြစ်သည်။

“ဒီနေ့ထုတ်ပြန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာ မှာဆိုရင်လည်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေက Crime against Humanity ရော၊ War Crime ရော မြောက်နေပါပြီလို့ ထုတ်ပြန်ပြောဆိုတာဖြစ်တဲ့အတွက် ကျွန်တော်တို့ကောက်ချက်၊ ကျွန်တော်တို့ တင်ပြချက်နဲ့ ကိုက်ညီတာကို တွေ့ရပါတယ်”ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသော အစီရင်ခံစာနှင့် ပတ်သက်၍ “လက်ရှိ war crime တွေ crime against humanity တွေကို ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ အားလုံးအမြန်ဆုံးရပ်တန့်ဖို့အတွက် ကျွန်တော်တို့ တိုင်းပြည်က ပြည်သူတွေက ကိုယ့်အား ကိုယ်ကိုးပြီး ကြိုးစားနေသလို နိုင်ငံတကာကလည်း တကယ့် ထိထိရောက်ရောက် ဝိုင်းဝန်းတားဆီးပေးဖို့အတွက် တောင်းဆိုထားတဲ့ အစီရင်ခံစာလည်းဖြစ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များတွင် အစုလိုက်အပြုံလိုက် နှင့် ဥပဒေမဲ့သတ်ဖြတ်မှုများ၊ လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက် မှုများဖြင့် အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ် မခွဲခြားဘဲ ပစ်ခတ်မှုများ၊ ပြည်သူများ၏ အိုးအိမ်ပိုင်ဆိုင်မှုများကို ရည်ရွယ် ချက်ရှိရှိ အကြီးစားမီးလောင် တိုက်သွင်းမှုများ၊ ဖျက်ဆီးမှုများနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူများကို အသက်သေစေနိုင်လောက်သည့် အင်အားအသုံးပြု၍ဖြိုခွင်းခြင်းများပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။