စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စာသင်ကျောင်းတစ်ကျောင်း၌ ကင်းစောင့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Unity Force Monywaက သတင်းထုတ်ပြန်သည်။
ယနေ့ (မတ်လ ၁၈ ရက်) နံနက် ၁၁နာရီ ၁၀မိနစ်ဝန်းကျင်က မုံရွာမြို့အတွင်း အကြမ်းဖက် စစ်ကောင်စီက ဖွင့်လှစ်ထားသည့် အ.ထ.က(၄) သလ္လာစာသင်ကျောင်းတွင် စောင့်နေသည့် စစ်ကောင်စီတပ်သားများအား ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ Unity Force Monywaနှင့်Brother Defense Forceအဖွဲ့က သတင်းထုတ်ပြန်သည်။
“ဗုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။”ဟု Unity Force Monywaအဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသတင်းဌာနသို့ ပြောသည်။

ထိခိုက်ကျဆုံးမှုများကို ရဲဘော်များ၏ လုံခြုံရေးအရ မသိရသေးကြောင်း Unity Force Monywa မှ ဗိုလ်အောက်ဆွဲက ပြောသည်။

Public Service Announcement
ယမန်နေ့(မတ်လ ၁၇ ရက်) နေ့လယ်ပိုင်းကလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားများစောင့်နေသော ကန်သာယာနှင့် တရားမဝင် ဖွင့်နေသော (အ.ထ.က အမှတ်-၂) စာသင်ကျောင်းတို့ကို လက်ပစ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ Unity Force Monywa နှင့်Brother Defense Forceတို့ကသတင်းထုတ်ပြန်ထားသည်။
Unity Force Monywaနှင့်Brother Defense Forceအဖွဲ့တို့သည် အာဏာသိမ်းစစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် မုံရွာအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့များဖြစ်ပြီး စစ်ကောင်စီအားခုခံရန် အလှူငွေများလိုအပ်လျက်ရှိသည်ဟု ၎င်းတို့ကပြောသည်။


















































