Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ် အင်မထီး​ရွာတွင် တပ်စွဲထား​သောစစ်​ကောင်စီတပ်ကို PDFပူး​ပေါင်းတပ်များတိုက်ခိုက်

အင်မထီးရွာ သည် ပုလဲ မြို့နယ်၏ ပျူစောထီး အားကောင်းရာဒေသဖြစ်ပြီး လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၂၀ ခန့်အပါအဝင် လက်နက်တပ်ဆင်ထားသည့် ပျူစောထီး ၆၀ ခန့်ရှိကြောင်း ၎င်းက ဆိုသည်။

(MVRFတပ်ဖွဲ့ဝင်များစစ်​ကြောင်းချီလာစဥ်။ဓါတ်ပုံ-MRVF)

●စစ်​ကောင်စီတပ် ၈ဦး​​သေဟု PRA​​ခေါင်း​ဆောင်ဗိုလ်ဂျပန်​ပြော

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ၊အင်မထီးကျေးရွာအတွင်းတပ်စွဲထားသောစစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Myaing Villages Revolution Front ( MVRF )က ယနေ့(မတ်လ ၁၉ ရက်)တွင် ထုတ်ပြန် သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ယမန်နေ့ ည ၆ နာရီခန့်က စ၍ ည ၁၀ နာရီခန့်ထိ ဖြစ်ပွားခဲ့ပြီး ( MVRF )၊ ဖီးနပ်စ် ပြောက်ကျားတပ်ဖွဲ့၊ကျားသစ်နက်ပြောက် ကျားတပ်ဖွဲ့၊ PPDG ၊ PRAနှင့် ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ တော်လှန်ရေးတပ်ပေါင်းစုများက ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ​ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးဘက်မှရဲဘော် ၃ ယောက် အသေးစားဒဏ်ရာ(မစိုးရိမ်ရ) ရရှိကာ စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုစာရင်းကို စုံစမ်းဆဲ ဖြစ်ကြောင်း MVRF က အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ပြည်သူ့တော်လှန်ရေးတပ်မတော် PRA ဦးဆောင်သူ ဗိုလ်ဂျပန်က”မနေ့က ကိုင်းတွင်းရွာကို မီးရှို့ပြီး အင်မထီးမှာ ပြန်ပြီး တပ်စွဲထားတဲ့ စခ နဲ့ ပျူစောထီး ကို ဝင်တိုက်တာပါ။ကိုင်းတွင်းရွာတော့ အိမ် အလုံး ၂၀ လောက်မီးရှို့ခံခဲ့ရတယ်။ကျွန်တော်တို့လည်း သိသိချင်း တောင်ပေါ်က ဆင်းပြီး ပေါင်းတိုက်တာ။မနေ့က နဲ့ ဒီနေ့ မနက်စာရင်း အရ ဆို ပျူနဲ့ စခ ၈ ယောက် သေတယ်။ထပ်တိုး ရှိနိုင်သေးတယ်”ဟု လူထုနွေဦးသို့ ပြောသည်။

အင်မထီးရွာ သည် ပုလဲ မြို့နယ်၏ ပျူစောထီး အားကောင်းရာဒေသဖြစ်ပြီး လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၂၀ ခန့်အပါအဝင် လက်နက်တပ်ဆင်ထားသည့် ပျူစောထီး ၆၀ ခန့်ရှိကြောင်း ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။