Connect with us

Hi, what are you looking for?

LuduNwayOo

News

ပုလဲမြို့နယ် အင်မထီး​ရွာတွင် တပ်စွဲထား​သောစစ်​ကောင်စီတပ်ကို PDFပူး​ပေါင်းတပ်များတိုက်ခိုက်

အင်မထီးရွာ သည် ပုလဲ မြို့နယ်၏ ပျူစောထီး အားကောင်းရာဒေသဖြစ်ပြီး လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၂၀ ခန့်အပါအဝင် လက်နက်တပ်ဆင်ထားသည့် ပျူစောထီး ၆၀ ခန့်ရှိကြောင်း ၎င်းက ဆိုသည်။

(MVRFတပ်ဖွဲ့ဝင်များစစ်​ကြောင်းချီလာစဥ်။ဓါတ်ပုံ-MRVF)

●စစ်​ကောင်စီတပ် ၈ဦး​​သေဟု PRA​​ခေါင်း​ဆောင်ဗိုလ်ဂျပန်​ပြော

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ၊အင်မထီးကျေးရွာအတွင်းတပ်စွဲထားသောစစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Myaing Villages Revolution Front ( MVRF )က ယနေ့(မတ်လ ၁၉ ရက်)တွင် ထုတ်ပြန် သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ယမန်နေ့ ည ၆ နာရီခန့်က စ၍ ည ၁၀ နာရီခန့်ထိ ဖြစ်ပွားခဲ့ပြီး ( MVRF )၊ ဖီးနပ်စ် ပြောက်ကျားတပ်ဖွဲ့၊ကျားသစ်နက်ပြောက် ကျားတပ်ဖွဲ့၊ PPDG ၊ PRAနှင့် ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ တော်လှန်ရေးတပ်ပေါင်းစုများက ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ​ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးဘက်မှရဲဘော် ၃ ယောက် အသေးစားဒဏ်ရာ(မစိုးရိမ်ရ) ရရှိကာ စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုစာရင်းကို စုံစမ်းဆဲ ဖြစ်ကြောင်း MVRF က အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ပြည်သူ့တော်လှန်ရေးတပ်မတော် PRA ဦးဆောင်သူ ဗိုလ်ဂျပန်က”မနေ့က ကိုင်းတွင်းရွာကို မီးရှို့ပြီး အင်မထီးမှာ ပြန်ပြီး တပ်စွဲထားတဲ့ စခ နဲ့ ပျူစောထီး ကို ဝင်တိုက်တာပါ။ကိုင်းတွင်းရွာတော့ အိမ် အလုံး ၂၀ လောက်မီးရှို့ခံခဲ့ရတယ်။ကျွန်တော်တို့လည်း သိသိချင်း တောင်ပေါ်က ဆင်းပြီး ပေါင်းတိုက်တာ။မနေ့က နဲ့ ဒီနေ့ မနက်စာရင်း အရ ဆို ပျူနဲ့ စခ ၈ ယောက် သေတယ်။ထပ်တိုး ရှိနိုင်သေးတယ်”ဟု လူထုနွေဦးသို့ ပြောသည်။

အင်မထီးရွာ သည် ပုလဲ မြို့နယ်၏ ပျူစောထီး အားကောင်းရာဒေသဖြစ်ပြီး လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၂၀ ခန့်အပါအဝင် လက်နက်တပ်ဆင်ထားသည့် ပျူစောထီး ၆၀ ခန့်ရှိကြောင်း ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။