Connect with us

Hi, what are you looking for?

News

ယာဥ်တိုက်မှုကြောင့် ပရိုဘောက်မီးလောင်ပြီး ကားထဲပိတ်မိနေသူ ၇ ဦးသေဆုံး

မီးလောင်မှုကြောင့် ယာဉ်ပေါ်၌ လိုက်ပါလာသည့် အမျိုးသား ၂ ဦး ၊အမျိုးသမီး ၃ ဦး နှင့် ကလေး ၂ ဦး စုစုပေါင်း လူ ၇ ဦးမီးလောင်သေဆုံးခဲ့ကြောင်း အထက်ပါပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ပုသိမ်မြို့နယ်အတွင်း၌ ယာဉ်တိုက်မှုဖြစ်၍ ကားတစ်စီးမီးလောင်ခဲ့ရာ ယာဉ်ပေါ်၌ လိုက်ပါလာသူ ခုနစ်ဦးမီးလောင်သေဆုံးခဲ့ကြောင်း ယင်းမီးလောင်မှုကိုသွားရောက်ကူညီပေးခဲ့သည့် ဘက်စုံကူညီရေးအဖွဲ့ ပုသိမ်က သတင်းထုတ်ပြန်သည်။

မတ်လ ၁၉ ရက် နေ့လည် ၂ နာရီခန့်တွင် ပုသိမ်မြို့နယ်၊ ကလပ်ချီ‌ကွေ့၌ ပုသိမ်-ချောင်းသာ ပြေးဆွဲနေသည့် ကံထူးအောင် မှန်လုံယာဉ်နှင့် အိမ်စီးကားတစ်စီး တိုက်မိကာ အိမ်စီးကား ပရိုဘောက်မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပရိုဘောက်ကားခေါင်းခန်းက စလောင်ခဲ့ခြင်းဖြစ်ပြီး ရွာသားများက ကားတံခါးဖွင့်ရန်ကြိုးစားသော်လည်း တံခါးလော့ခ်ကျနေသောကြောင့် ဖွင့်မရခဲ့ကြောင်း ဒေသခံတစ်ဦးကဆိုသည်။

မီးလောင်မှုကြောင့် ယာဉ်ပေါ်၌ လိုက်ပါလာသည့် အမျိုးသား ၂ ဦး ၊အမျိုးသမီး ၃ ဦး နှင့် ကလေး ၂ ဦး စုစုပေါင်း လူ ၇ ဦးမီးလောင်သေဆုံးခဲ့ကြောင်း အထက်ပါပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ဘယ်သူတွေဆိုတာတော့ မသိရသေးဘူး။ ကုန်ကားပိုင်ရှင်တွေလို့တော့ ကြားတယ်”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

ယင်းဖြစ်စဉ်၌သေဆုံးသူများမှာ မည်သူမည်ဝါ မသိရသောကြောင့် ဖေ့စ်ဘွတ်ခ်မသုံးပြုသူများက မိသားစုဝင်များဆက်သွယ်ရန် လူမှုကွန်ရက်၌ အခင်းဖြစ်သည့်နေရာမှ ဓာတ်ပုံများတင်၍ အကူအညီတောင်းထားသည်။

မဲဇလီဂိတ် ဖြတ်သည့်စာရင်းအရ ယာဉ်အမှတ် BGO 4M/7927 ဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလည်းပါဝင်ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။