Connect with us

Hi, what are you looking for?

LuduNwayOo

News

ယာဥ်တိုက်မှုကြောင့် ပရိုဘောက်မီးလောင်ပြီး ကားထဲပိတ်မိနေသူ ၇ ဦးသေဆုံး

မီးလောင်မှုကြောင့် ယာဉ်ပေါ်၌ လိုက်ပါလာသည့် အမျိုးသား ၂ ဦး ၊အမျိုးသမီး ၃ ဦး နှင့် ကလေး ၂ ဦး စုစုပေါင်း လူ ၇ ဦးမီးလောင်သေဆုံးခဲ့ကြောင်း အထက်ပါပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ပုသိမ်မြို့နယ်အတွင်း၌ ယာဉ်တိုက်မှုဖြစ်၍ ကားတစ်စီးမီးလောင်ခဲ့ရာ ယာဉ်ပေါ်၌ လိုက်ပါလာသူ ခုနစ်ဦးမီးလောင်သေဆုံးခဲ့ကြောင်း ယင်းမီးလောင်မှုကိုသွားရောက်ကူညီပေးခဲ့သည့် ဘက်စုံကူညီရေးအဖွဲ့ ပုသိမ်က သတင်းထုတ်ပြန်သည်။

မတ်လ ၁၉ ရက် နေ့လည် ၂ နာရီခန့်တွင် ပုသိမ်မြို့နယ်၊ ကလပ်ချီ‌ကွေ့၌ ပုသိမ်-ချောင်းသာ ပြေးဆွဲနေသည့် ကံထူးအောင် မှန်လုံယာဉ်နှင့် အိမ်စီးကားတစ်စီး တိုက်မိကာ အိမ်စီးကား ပရိုဘောက်မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပရိုဘောက်ကားခေါင်းခန်းက စလောင်ခဲ့ခြင်းဖြစ်ပြီး ရွာသားများက ကားတံခါးဖွင့်ရန်ကြိုးစားသော်လည်း တံခါးလော့ခ်ကျနေသောကြောင့် ဖွင့်မရခဲ့ကြောင်း ဒေသခံတစ်ဦးကဆိုသည်။

မီးလောင်မှုကြောင့် ယာဉ်ပေါ်၌ လိုက်ပါလာသည့် အမျိုးသား ၂ ဦး ၊အမျိုးသမီး ၃ ဦး နှင့် ကလေး ၂ ဦး စုစုပေါင်း လူ ၇ ဦးမီးလောင်သေဆုံးခဲ့ကြောင်း အထက်ပါပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ဘယ်သူတွေဆိုတာတော့ မသိရသေးဘူး။ ကုန်ကားပိုင်ရှင်တွေလို့တော့ ကြားတယ်”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

ယင်းဖြစ်စဉ်၌သေဆုံးသူများမှာ မည်သူမည်ဝါ မသိရသောကြောင့် ဖေ့စ်ဘွတ်ခ်မသုံးပြုသူများက မိသားစုဝင်များဆက်သွယ်ရန် လူမှုကွန်ရက်၌ အခင်းဖြစ်သည့်နေရာမှ ဓာတ်ပုံများတင်၍ အကူအညီတောင်းထားသည်။

မဲဇလီဂိတ် ဖြတ်သည့်စာရင်းအရ ယာဉ်အမှတ် BGO 4M/7927 ဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလည်းပါဝင်ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။