Connect with us

Hi, what are you looking for?

News

မြစ်ကြီးနား-နမ္မတီးကြားရှိ ၂၁ မိုင်စုပေါင်းဂိတ်ကို KIAနှင့် PDF တိုက်ခိုက် သိမ်းပိုက်မီးရှို့၊ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များနိုင်ဟု KIA ပြော

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှလက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေကို မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက KIO အနေဖြင့် ထို့သို့ အချက်အလက်များ သတင်းထုတ်ပြန်လေ့မရှိဟု ပြောသည်။

(၂၁ မိုင်ဂိတ်ကို​တိုက်ခိုက်မီးရှို့ဖျက်ဆီးပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-CJ)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နှင့် နမ္မတီးမြို့ အကြားရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ၂၁ မိုင် စုပေါင်းဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများနိုင်သည်ဟု kIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောကြားသည်။

မတ်လ ၁၉ ရက် နံနက် ၄နာရီနှင့် ၆နာရီကြားတွင် ၂၁မိုင်စုပေါင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက် ခဲ့သည်ဟုသိရသည်။

(၂၁ မိုင်ဂိတ်ကို​တိုက်ခိုက်မီးရှို့ဖျက်ဆီးပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-CJ)

“ဝင်တိုက်ပြီးမှ အကုန်လုံး မီးရှို့ပစ်လိုက်ပြီ။ ကျွန်တော်တို့ဘက်က အဲဒီမှာ ပြန်ထိုင်တာမရှိပါဘူး။ အဲဒီအချိန်မှာ စကစ ဘက်ကနဲ့ စစ်ကူတွေ ရောက်လာလို့ လေကြောင်းကလည်းတိုက်တယ် အဲဒီတော့ ကျွန်တော်တို့လည်း ပြန်ဆုတ်သွားတာ” ဟုဗိုလ်မှူးကြီးနော်ဘူက People’s Spring သို့ ပြောသည်။

အဆိုပါ တိုက်ခိုက်မှု၌ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှု များနိုင်ကြောင်း ၄င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“ဘာကြောင့်လဲဆိုတော့ မြစ်ကြီးနားဘက်ကလူနာတင်တဲ့ကားတွေ၊ နမ္မတီးဘက်လည်း လူနာတင်တဲ့ကားတွေ လာကြတာကို တွေ့ရတယ်။ ဆိုတော့ သူတို့ဘက်ကလည်း အထိအခိုက် အကျအဆုံး နည်းနည်းများဖို့ ရှိပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှလက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေကို မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက KIO အနေဖြင့် ထို့သို့ အချက်အလက်များ သတင်းထုတ်ပြန်လေ့မရှိဟု ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အဆိုပါလမ်းကို ပိတ်ထားပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။