Connect with us

Hi, what are you looking for?

News

ပခုက္ကူနယ်တွင်​ကျေးရွာများမီးရှို့ပြန်လာ​သောအကြမ်းဖက်စစ်​ကောင်စီတပ်ကားကို ပ​ဒေသာမိုင်းဆွဲ ၅ ဦးခန့်​သေ

မတ်လ ၁၇ ရက်နေ့ ညနေပိုင်းကလည်း ပခုက္ကူမြို့၊ အမှတ် (၃)ရပ်ကွက်၊ (ဂ)ကွင်း (၅)လမ်းရှိ စစ်​ကောင်စီ၏ စီးပွားရေးထောက်တိုင်ဖြစ်သည့် mytel ရုံးအား လက်ပစ်ဗုံးဖြင့် PKU N PDF နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့ SouthernYSO PDF တို့မှ ပစ်ခတ်သတိပေးခဲ့သေးသည်။

(အခင်းဖြစ်ရာ ပခုက္ကူလေဆိပ်အနီး ။ဓါတ်ပုံ-CJ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ကျေးရွာများအား ဝင်ရောက်မွှေနှောက်အကြမ်းဖက်ပြီး ပြန်လာသည့်အကြမ်းဖက်စစ်ကောင်စီတပ်၏ကားတစ်စီးအားဒေသတွင်းPDFအဖွဲ့နှစ်ဖွဲ့ကပူးပေါင်းပြီးပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်ဘက်မှ ငါးဦးခန့်သေဆုံးနိုင်ကြောင်း Pakokku North PDFက သတင်းထုတ်ပြန်သည်။

ယနေ့( မတ်လ ၂၀ ရက် )မွန်းလွဲ ၁၂နာရီ ၄၀မီနစ် အချိန်ကပခုက္ကူ- ရေစကြို လမ်းပိုင်း၊ ပခုက္ကူသို့ပြန်လာသောစစ်ကားတစ်စီးအား ပခုက္ကူ လေယာဉ်ကွင်းအနီးတွင် Pakokku North PDF နှင့် ပူးပေါင်းမဟာမိတ် Southern YSO PDF အဖွဲ့ ၂ဖွဲ့ ပူးပေါင်း၍ ပဒေသာမိုင်း ၈ လုံးဖြင့်တိုက်ခိုက်
ခဲ့ကြောင်း ၎င်းအဖွဲ့များကသတင်းထုတ်ပြန်သည်။

Public Service Announcement

အတွင်းသတင်းအရ စစ်သားငါးယောက်ခန့်ပွဲချင်းပြီသေဆုံးပြီး နှစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရသွားကြောင်း၊ စစ်ကောင်စီတပ်များခြေရှုပ်နေ၍ ပြည်သူများ အသွားအလာ ဆင်ခြင်ကြရန် PakokkuNorthPDFကသတိပေးသည်။

“ရေစကြိုကနေ ပခုက္ကူဘက်ကို ပြန်တဲ့ကားပါ။အခုမနက်ကတည်းက ကျောက်ထပ်၊ ဇီးတောဘက်မှာ ခွေးတွေ ဝင်မွှေနေတာလို့ သတင်းရတယ်။အဲ့ဘက်ကနေ ထွက်လာတဲ့ကားပါ။သတင်းပေးပို့မှုရှိလို့ ကြားဖြတ်ဆွဲတာပါ။ထွေထွေထူးထူးတော့ ပြောစရာမရှိပါဘူး။ပြည်သူတွေကို စကစတို့နဲ့ ခပ်ဝေးဝေးမှာ နေဖို့ပဲ ။ ကျွန်တော်တို့ PDFတွေအရမ်း အခက်အခဲဖြစ်တယ်ဗျ”ဟု PakokkuNorthPDF အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

မတ်လ ၁၇ ရက်နေ့ ညနေပိုင်းကလည်း ပခုက္ကူမြို့၊ အမှတ် (၃)ရပ်ကွက်၊ (ဂ)ကွင်း (၅)လမ်းရှိ စစ်​ကောင်စီ၏ စီးပွားရေးထောက်တိုင်ဖြစ်သည့် mytel ရုံးအား လက်ပစ်ဗုံးဖြင့် PKU N PDF နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့ SouthernYSO PDF တို့မှ ပစ်ခတ်သတိပေးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။