Connect with us

Hi, what are you looking for?

News

ရန်ကုန်အပါအဝင်မြို့ကြီးအချို့မှာ စစ်ကောင်စီ သင်္ကြန် မဏ္ဍပ် စဆောက်

ရန်ကုန်လိုပဲ မန္တလေး မြို့မှာလည်း မြို့တော်ဝန်မဏ္ဍပ်ဆောက်လုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ - People's Spring

အာဏာသိမ်း စစ်ကောင်စီက မြို့ကြီးတွေမှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲအတွက် ကြိုစီစဥ်နေပါတယ်။

ရန်ကုန်မြို့မှာ အရင်က နှစ်တိုင်းရှိခဲ့တဲ့ ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်နေရာမှာ ဒီရက်ပိုင်းကစလို့ မဏ္ဍပ်ဆောက်လုပ်နေတာတွေ့ရပါတယ်။

ဓာတ်ပုံ – People’s Spring

ရန်ကုန်လိုပဲ မန္တလေး မြို့မှာလည်း မြို့တော်ဝန်မဏ္ဍပ်ဆောက်လုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

နေပြည်တော်က ဖျော်ဖြေပွဲတစ်ခုကို လက်ခံခဲ့တဲ့ စင်ကာပူနိုင်ငံက Rave Republic DJ အဖွဲ့ကလည်း ပြည်သူတွေရဲ့ ကန့်ကွက်မှုကြောင့် ပွဲလက်ခံပြီးမှ မဖျော်ဖြေဖြစ်တော့ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – People’s Spring

နေပြည်တော်မှာ နေထိုင်တဲ့ ရင်းမြစ်တစ်ဦးကတော့ နေပြည်တော်မှာ သင်္ကြန်မဏ္ဍပ်တွေဆောက်နေတာကို မတွေ့ရသေးဘူးလို့ ပြောပါတယ်။

ကိုဗစ်ရောဂါကပ်စတင်ချိန်ကစလို့ ပြည်သူတွေ သင်္ကြန်ပွဲအဆင်နွှဲရတာ နှစ်နှစ်ရှိပြီဖြစ်ပါတယ်။ ဒီလာမယ့် နှစ်သင်္ကြန်ကတော့ တတိယမြောက် သင်္ကြန်ဖြစ်လာမှာပါ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့က ကွန်ဒိုတွေမှာနေထိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်က ဆင့်ခေါ်စာတွေ စတင်ပေးပို့နေတယ်လို့ ကွန်ဒိုအခန်းတွေမှာ နေထိုင်သူတွေက ပြောပါတယ်။