Connect with us

Hi, what are you looking for?

News

ချင်းတွင်းမြစ်ရှိ ​ရွှေ​မျောလုပ်ငန်းများ ယခုလကုန် ​နောက်ဆုံးဖြုတ်သိမ်းရန် က​လေးဝ PDF သတိ​ပေး

တော်လှန်ရေးဆောင်ရွက်နေရာတွင် စစ်ကောင်စီတပ်သားများကို သုတ်သင်ရှင်းလင်းသကဲ့သို့ ရှိသလို စစ်ကောင်စီ၏ ဝင်ငွေရလမ်းများကို ပိတ်ဆို့တားဆီးရေး ဆောင်ရွက်နေကြောင်းလည်း အသိပေးသည်။

(က​​လေးဝ PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် ချင်းတွင်းမြစ်အတွင်းရှိရွှေမျောလုပ်ငန်းများ ယခုလ(မတ်လ)ကုန်နောက်ဆုံးထား ဖြုတ်သိမ်းရန် PDF-Kalewaက ယနေ့(မတ်လ ၂၃ ရက်) သတိ​ပေး ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီအား ငွေကြေးထောက်ပံ့ပြီး ဆင်ခေါင်းကျေးရွာအနီး ချင်းတွင်းမြစ်ထဲ၌ တရားမဝင် ရွှေမျောများ မောင်းနှင်းလျက်ရှိသည်ကို သိရှိထားပြီဖြစ်သည်ဟု PDF- Kalewa ဆိုသည်။

(က​​လေးဝ PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

တော်လှန်ရေးဆောင်ရွက်နေရာတွင် စစ်ကောင်စီတပ်သားများကို သုတ်သင်ရှင်းလင်းသကဲ့သို့ ရှိသလို စစ်ကောင်စီ၏ ဝင်ငွေရလမ်းများကို ပိတ်ဆို့တားဆီးရေး ဆောင်ရွက်နေကြောင်းလည်း အသိပေးသည်။

(က​​လေးဝ PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

ရွှေကျင်လုပ်ငန်းများသည် စစ်ကောင်စီကို ထောက်ပံ့နေသည့်အပြင် သဘာဝရေမြေတောတောင်မြစ်ကြောင်း၊ သက်ရှိသတ္တဝါနှင့် လူမှုဝန်းကျင်ကို ထိခိုက်စေသည့် ဆိုးကျိုးများ ဖြစ်ပေါ်လာသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(က​​လေးဝ PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

ထို့ကြောင့် အများပြည်သူအကျိုးကျေးဇူးကို ရှေးရှု၍ မတ်လ ၃၁ ရက် နောက်ဆုံးထားကာ လုံးဝ(လုံးဝ)ဖြုတ်သိမ်းကြရန်နှင့် မလိုက်နာပါက နောက်ဆက်တွဲထိခိုက်ဆုံးရှုံးပျက်စီးမှုများ ဖြစ်ပေါ်လာမည်ဟု PDF- Kalewa က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook