Connect with us

Hi, what are you looking for?

News

ချင်းတွင်းမြစ်ရှိ ​ရွှေ​မျောလုပ်ငန်းများ ယခုလကုန် ​နောက်ဆုံးဖြုတ်သိမ်းရန် က​လေးဝ PDF သတိ​ပေး

တော်လှန်ရေးဆောင်ရွက်နေရာတွင် စစ်ကောင်စီတပ်သားများကို သုတ်သင်ရှင်းလင်းသကဲ့သို့ ရှိသလို စစ်ကောင်စီ၏ ဝင်ငွေရလမ်းများကို ပိတ်ဆို့တားဆီးရေး ဆောင်ရွက်နေကြောင်းလည်း အသိပေးသည်။

(က​​လေးဝ PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် ချင်းတွင်းမြစ်အတွင်းရှိရွှေမျောလုပ်ငန်းများ ယခုလ(မတ်လ)ကုန်နောက်ဆုံးထား ဖြုတ်သိမ်းရန် PDF-Kalewaက ယနေ့(မတ်လ ၂၃ ရက်) သတိ​ပေး ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီအား ငွေကြေးထောက်ပံ့ပြီး ဆင်ခေါင်းကျေးရွာအနီး ချင်းတွင်းမြစ်ထဲ၌ တရားမဝင် ရွှေမျောများ မောင်းနှင်းလျက်ရှိသည်ကို သိရှိထားပြီဖြစ်သည်ဟု PDF- Kalewa ဆိုသည်။

(က​​လေးဝ PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

တော်လှန်ရေးဆောင်ရွက်နေရာတွင် စစ်ကောင်စီတပ်သားများကို သုတ်သင်ရှင်းလင်းသကဲ့သို့ ရှိသလို စစ်ကောင်စီ၏ ဝင်ငွေရလမ်းများကို ပိတ်ဆို့တားဆီးရေး ဆောင်ရွက်နေကြောင်းလည်း အသိပေးသည်။

(က​​လေးဝ PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

ရွှေကျင်လုပ်ငန်းများသည် စစ်ကောင်စီကို ထောက်ပံ့နေသည့်အပြင် သဘာဝရေမြေတောတောင်မြစ်ကြောင်း၊ သက်ရှိသတ္တဝါနှင့် လူမှုဝန်းကျင်ကို ထိခိုက်စေသည့် ဆိုးကျိုးများ ဖြစ်ပေါ်လာသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(က​​လေးဝ PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

ထို့ကြောင့် အများပြည်သူအကျိုးကျေးဇူးကို ရှေးရှု၍ မတ်လ ၃၁ ရက် နောက်ဆုံးထားကာ လုံးဝ(လုံးဝ)ဖြုတ်သိမ်းကြရန်နှင့် မလိုက်နာပါက နောက်ဆက်တွဲထိခိုက်ဆုံးရှုံးပျက်စီးမှုများ ဖြစ်ပေါ်လာမည်ဟု PDF- Kalewa က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။