Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူများအပေါ် ကျူးလွန်မှုများအတွက် မင်းအောင်လှိုင်အပါအဝင် ၆၁ဦးကို နိုင်ငံတကာခုံရုံးတင်သင့်ကြောင်း Fortify Rights ထုတ်ပြန်

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အရပ်သားပြည်သူများ အပေါ် ကျူးလွန်ခဲ့မှုများအတွက် မင်းအောင်လှိုင်အပါအဝင် တာဝန်ရှိသူ ၆၁ဦး၏ အမည်စာရင်းကို Fortify Rights က ၎င်းတို့ထုတ်ပြန်လိုက်သော ‘Nowhere is Safe’ အစီရင်ခံစာတွင် ထည့် သွင်းဖော်ပြခြင်းဖြစ်သည်။

(မင်းအောင်လှိုင်နှင့်အဖွဲ့က စိုးဝင်း၏ ရုရှားခရီးစဥ်ကို နေပြည်တော်လေဆိပ်၌ လိုက်ပါပို့ဆောင်ပေးနေသည်ကို ၂၀၂၁ စက်တင်ဘာ၁ရက်က တွေ့ရစဥ် ၊ ဓာတ်ပုံ - dsinfo)

မြန်မာပြည်သူများအပေါ် ကျူးလွန်သော လူသားမျိုးနွယ်စုကိုဆန့်ကျင်သည့်ရာဇဝတ်မှုများ(crimes against humanity)အတွက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် ၆၁ ဦးကို စုံစမ်းစစ်ဆေးကာ တရားဆွဲဆိုသင့်ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights က ထုတ်ပြန်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အရပ်သားပြည်သူများ အပေါ် ကျူးလွန်ခဲ့မှုများအတွက် မင်းအောင်လှိုင်အပါအဝင် တာဝန်ရှိသူ ၆၁ဦး၏ အမည်စာရင်းကို Fortify Rights က ၎င်းတို့ထုတ်ပြန်လိုက်သော ‘Nowhere is Safe’ အစီရင်ခံစာတွင် ထည့် သွင်းဖော်ပြခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်အနေဖြင့် အရပ်သားပြည်သူ လူထုအပေါ် တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ပြီး ဖြစ်ပွားနေဆဲလက်နက်ကိုင်ပဋိပက္ခ ချက်ချင်းအဆုံးသတ်ရေး နိုင်ငံတဝန်းအပစ်အခတ်ရပ်စဲရေးကို ကြေညာရန် Fortify Rights က တိုက်တွန်းသည်။

ပြီးခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက တရားလက်လွှတ်ဖမ်းဆီးထိန်းသိမ်းခဲ့သူများ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန်၊ မြန်မာ ပြည်သူများရွေးချယ်တင်မြှောက်ထားသူများထံ အာဏာပြန်အပ်ရန်နှင့် အင်တာနက်၊ ဆက်သွယ်ရေးဝန်ဆောင်မှုများ သုံးစွဲခွင့်ပိတ်ပင်တားမြစ်မှုများကို ရုတ်သိမ်းရန် စသည့်အချက်များကိုလည်း စစ်ကောင်စီအား Fortify Rights က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ကောင်စီကို မည်သည့်နည်းနှင့်မဆို တရား ဝင်အသိအမှတ် မပြုရန်၊ အတိတ်နှင့် လက်ရှိကျူးလွန်နေဆဲ ရက်စက်ကြမ်းကြုတ်မှုများအတွက် အပြည်ပြည်ဆိုင်ရာ တရားမျှတမှုရရှိရန်၊ ရေနံနှင့်ဓာတ်ငွေ့အပါအဝင် ပစ်မှတ်ထားပိတ်ဆို့မှုများ၊ လက်နက်တင်ပို့မှု ပိတ်ဆို့မှုများ လုပ်ဆောင်ရန်လည်း Fortify Rights က အကြံပြုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၌ NUG ၏ တည်ရှိပြီးသော အသိအမှတ်ပြုမှုများကို ဆက်လက် ကူညီထောက်ပံ့ရန် အကြံပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။