Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောက်ဒဂုံရှိ KBZ၊ Denkoဆီဆိုင်နှင့် EPC ရုံးတို့ ​ဖောက်ခွဲတိုက်ခိုက်ခံရ

“ဗုံးပေါက်တာနှစ်ခါ ကြားရတာ ။ဒုတိယတစ်လုံးက ပိုပြင်းမယ်ထင်တယ် ။တော်တော့်​ကို အသံလည်းကျယ်တယ်။အိမ်ပါတုန်တယ်”ဟု ပြည်ထောင်စုလမ်းမအနီး နေထိုင်သူတစ်ဦးက People’s Spring သို့ ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ KBZ ဘဏ်၊Denko ဆီဆိုင်နှင့် မြို့နယ်လျှပ်စစ်မန်​နေဂျာရုံး(EPC)တို့ကို ပစ်မှတ်ထားဖောက်ခွဲသည့် ဗုံးများပေါက်ကွဲခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(မတ်လ ၂၅ ရက်)ည ၈နာရီခန့်တွင် ပင်လုံအိမ်ယာအနီးရှိ Danko ဆီဆိုင်တွင် ကနဦးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ထို့နောက် ၇/၈လမ်းဆုံအနီး ပြည်ထောင်စုလမ်းမပေါ်ရှိ KBZ ဘဏ်တွင် ည ၈ နာရီ ၄၀မိနစ်ခန့်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့​သေးသည်။

“ဗုံးပေါက်တာနှစ်ခါ ကြားရတာ ။ဒုတိယတစ်လုံးက ပိုပြင်းမယ်ထင်တယ် ။တော်တော့်​ကို အသံလည်းကျယ်တယ်။အိမ်ပါတုန်တယ်”ဟု ပြည်ထောင်စုလမ်းမအနီး နေထိုင်သူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ည၈နာရီ၅၅မိနစ်ခန့်တွင်လည်း ပြင်းထန်သောပေါက်ကွဲမှုတစ်ခု ကုန်ပဒေသာအနီး EPCရုံးအနီးဖြစ်ပွားခဲ့ကြောင်း Dagon Informationက ဆိုသည်။

ပေါက်ကွဲမှုများအပြင် ပစ်ခတ်မှုအချို့ပါရှိခဲ့သည်ဟုဆိုသော်လည်း သီးခြားအတည်မပြုနိုင် သေးပေ။

ယနေ့ နံနက်ပိုင်းကလည်း အင်းစိန်မြို့နယ်ရှိ ဖော့ကန်ရပ်ကွက်ရုံးနှင့် ညနေပိုင်းတွင် ဒေါပုံရဲစခန်းများကို တော်လှန်ရေးအင်အားစုများက ဖောက်ခွဲတိုက်ခိုက်ထားသည်။

ရန်ကုန်မြို့အတွင်း ပြောက်ကျားစစ်ဆင်ရေးများအရှိန်မြှင့်တော့မည်ဟု တော်လှန်ရေးအင်အားစုများက မတ်လ ဒုတိယပတ်တွင် စတင်ကြေညာခဲ့သည်။

ပြည်သူလူထုအနေဖြင့်လည်း မလိုအပ်ဘဲ အပြင်မထွက်ရန်၊မစူးစမ်းရန်နှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီရန်လည်း မြို့ပြ ပြောက်ကျားအဖွဲ့များက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

ဆီဆိုင်မြို့ကို PNLAက သိမ်းပိုက်ထိန်းချုပ်ထားသည့် အခြေအနေတွင် စစ်ကောင်စီက မြို့ကို ပြန်ဝင်ရောက်နေရာယူရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

သတင်း

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ ထုတ်ပြန်သည့် တရားဝင်သတင်းကိုသာ စောင့်ကြည့်အတည်ယူကြရန် အထူးတိုက်တွန်းထားသည်။