Connect with us

Hi, what are you looking for?

News

မြောက်ဒဂုံရှိ KBZ၊ Denkoဆီဆိုင်နှင့် EPC ရုံးတို့ ​ဖောက်ခွဲတိုက်ခိုက်ခံရ

“ဗုံးပေါက်တာနှစ်ခါ ကြားရတာ ။ဒုတိယတစ်လုံးက ပိုပြင်းမယ်ထင်တယ် ။တော်တော့်​ကို အသံလည်းကျယ်တယ်။အိမ်ပါတုန်တယ်”ဟု ပြည်ထောင်စုလမ်းမအနီး နေထိုင်သူတစ်ဦးက People’s Spring သို့ ပြောသည်။

People's Spring
People's Spring

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ KBZ ဘဏ်၊Denko ဆီဆိုင်နှင့် မြို့နယ်လျှပ်စစ်မန်​နေဂျာရုံး(EPC)တို့ကို ပစ်မှတ်ထားဖောက်ခွဲသည့် ဗုံးများပေါက်ကွဲခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(မတ်လ ၂၅ ရက်)ည ၈နာရီခန့်တွင် ပင်လုံအိမ်ယာအနီးရှိ Danko ဆီဆိုင်တွင် ကနဦးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ထို့နောက် ၇/၈လမ်းဆုံအနီး ပြည်ထောင်စုလမ်းမပေါ်ရှိ KBZ ဘဏ်တွင် ည ၈ နာရီ ၄၀မိနစ်ခန့်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့​သေးသည်။

“ဗုံးပေါက်တာနှစ်ခါ ကြားရတာ ။ဒုတိယတစ်လုံးက ပိုပြင်းမယ်ထင်တယ် ။တော်တော့်​ကို အသံလည်းကျယ်တယ်။အိမ်ပါတုန်တယ်”ဟု ပြည်ထောင်စုလမ်းမအနီး နေထိုင်သူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ည၈နာရီ၅၅မိနစ်ခန့်တွင်လည်း ပြင်းထန်သောပေါက်ကွဲမှုတစ်ခု ကုန်ပဒေသာအနီး EPCရုံးအနီးဖြစ်ပွားခဲ့ကြောင်း Dagon Informationက ဆိုသည်။

ပေါက်ကွဲမှုများအပြင် ပစ်ခတ်မှုအချို့ပါရှိခဲ့သည်ဟုဆိုသော်လည်း သီးခြားအတည်မပြုနိုင် သေးပေ။

ယနေ့ နံနက်ပိုင်းကလည်း အင်းစိန်မြို့နယ်ရှိ ဖော့ကန်ရပ်ကွက်ရုံးနှင့် ညနေပိုင်းတွင် ဒေါပုံရဲစခန်းများကို တော်လှန်ရေးအင်အားစုများက ဖောက်ခွဲတိုက်ခိုက်ထားသည်။

ရန်ကုန်မြို့အတွင်း ပြောက်ကျားစစ်ဆင်ရေးများအရှိန်မြှင့်တော့မည်ဟု တော်လှန်ရေးအင်အားစုများက မတ်လ ဒုတိယပတ်တွင် စတင်ကြေညာခဲ့သည်။

ပြည်သူလူထုအနေဖြင့်လည်း မလိုအပ်ဘဲ အပြင်မထွက်ရန်၊မစူးစမ်းရန်နှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီရန်လည်း မြို့ပြ ပြောက်ကျားအဖွဲ့များက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ (စက်တင်ဘာ၁၁ရက်) မှာလျှပ်စစ်မီး ပြတ်တောက်မှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ‌ပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ပင်လုံလမ်းမပေါ်မှာရှိတဲ့ Snoopy Mobile ဆိုင်ရဲ့ကြော်ငြာဆိုင်းဘုတ်‌တွေ လဲကျခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

ဆောင်းပါး

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။