Connect with us

Hi, what are you looking for?

LuduNwayOo

News

မံစီနယ်အတွင်း စစ်လက်နက်၊ ရိက္ခာသယ်လာသည့် စစ်ကောင်စီတပ်ကို KIA မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီတပ်များက KIA တပ်ရင်း(၂၇)နယ်မြေသို့ စစ်ရေးလှုပ်ရှားမှုများရှိနေဆဲဖြစ်၍ မကြာခဏ တိုက်ပွဲဖြစ်နေရသည်ဟု ဆိုသည်။

(ပုံအ​ဟောင်းကို အသုံးပြုထားပါသည်။)

ကချင်ပြည်နယ် မံစီမြို့နယ်အတွင်း စစ်လက်နက်နှင့် ရိက္ခာ သယ်ဆောင်လာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

KIA တပ်မဟာ(၃)၊ တပ်ရင်း (၂၇) နယ်မြေ အူလန်ပါ ဒေသသို့ စစ်ကောင်စီတပ် ခလရ(၁၂၁)တပ်နှင့် တပ်မ (၈၈) လက်အောက် စစ်ကြောင်းများ ဝင်ရောက်လာ၍ ယနေ့ (မတ်လ ၂၆ရက်) နံနက် ၉နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်းသတင်းရင်းမြစ်ကို ကိုးကားဖော်ပြသည်။ တိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျ ဆုံးမှုရှိမရှိကို ဖော်ပြမထားပေ။

Public Service Announcement

စစ်ကောင်စီတပ်များက KIA တပ်ရင်း(၂၇)နယ်မြေသို့ စစ်ရေးလှုပ်ရှားမှုများရှိနေဆဲဖြစ်၍ မကြာခဏ တိုက်ပွဲဖြစ်နေရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်ကို KIAက တိုက်ခိုက်ခဲ့သည်။ ကချင်ဒေသသို့ စစ်ကောင်စီတပ်က အင်အားဖြည့်တင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေ၍ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။