Connect with us

Hi, what are you looking for?

News

မံစီနယ်အတွင်း စစ်လက်နက်၊ ရိက္ခာသယ်လာသည့် စစ်ကောင်စီတပ်ကို KIA မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီတပ်များက KIA တပ်ရင်း(၂၇)နယ်မြေသို့ စစ်ရေးလှုပ်ရှားမှုများရှိနေဆဲဖြစ်၍ မကြာခဏ တိုက်ပွဲဖြစ်နေရသည်ဟု ဆိုသည်။

(ပုံအ​ဟောင်းကို အသုံးပြုထားပါသည်။)

ကချင်ပြည်နယ် မံစီမြို့နယ်အတွင်း စစ်လက်နက်နှင့် ရိက္ခာ သယ်ဆောင်လာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

KIA တပ်မဟာ(၃)၊ တပ်ရင်း (၂၇) နယ်မြေ အူလန်ပါ ဒေသသို့ စစ်ကောင်စီတပ် ခလရ(၁၂၁)တပ်နှင့် တပ်မ (၈၈) လက်အောက် စစ်ကြောင်းများ ဝင်ရောက်လာ၍ ယနေ့ (မတ်လ ၂၆ရက်) နံနက် ၉နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်းသတင်းရင်းမြစ်ကို ကိုးကားဖော်ပြသည်။ တိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျ ဆုံးမှုရှိမရှိကို ဖော်ပြမထားပေ။

Public Service Announcement

စစ်ကောင်စီတပ်များက KIA တပ်ရင်း(၂၇)နယ်မြေသို့ စစ်ရေးလှုပ်ရှားမှုများရှိနေဆဲဖြစ်၍ မကြာခဏ တိုက်ပွဲဖြစ်နေရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်ကို KIAက တိုက်ခိုက်ခဲ့သည်။ ကချင်ဒေသသို့ စစ်ကောင်စီတပ်က အင်အားဖြည့်တင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေ၍ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့ကနေ ဗန်းမော်မြို့ကိုဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောအချို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက စက်တင်ဘာ ၂ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က စစ်တပ် ခြေကုပ်စခန်းကုန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။