Connect with us

Hi, what are you looking for?

News

ဘုရင့်နောင် (၅၃၂)တပ်ရင်း အဝေးထိန်းဗုံးဖြင့်ဖောက်ခွဲခဲ့ရာ ပြည်သူသုံးဦး ဒဏ်ရာရရှိသွား၍ Gods of Death အဖွဲ့ တောင်းပန်

G.O.D အဖွဲ့အနေဖြင့် YGN PDF အဖွဲ့နှင့်ပေါင်း၍ မြို့နယ်အစုံ၌ ဖောက်ခွဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်တော့မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့်အသွားအလာ ဆင်ခြင်ရန် သတိပေးထားသည်။

People's Spring
People's Spring

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ရန်ကုန်မြို့ကို လက်ရှိအချိန်အထိ မထိန်းချုပ်နိုင်သေးကြောင်း ပြသသည့်အနေဖြင့် ဘုရင့်နောင် (၅၃၂)တပ်ရင်း အနီး အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ ပြည်သူသုံးဦးဒဏ်ရာရရှိခဲ့သော ကြောင့် တောင်းပန်ကြောင်း Gods of Death အဖွဲ့က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၇ ရက်)ညနေ ၆ နာရီကျော်တွင် ဘုရင့်နောင်(၅၃၂)တပ်ရင်း အနီး အဝေးထိန်းဗုံးနှစ်လုံးကို G.O.D က YGN PDF အဖွဲ့နှင့်ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။

“ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်စဥ်အတွင်း လမ်းသွားလမ်းလာ ပြည်သူသုံးဦး ထိခိုက်မှုရှိခဲ့သည့် အတွက် ကျွန်ုပ်တို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ရိုကျိုးစွာဖြင့် အနူးအညွတ် တောင်းပန် အပ်ပါသည်။”ဟု ဒဏ်ရာရရှိသူများနှင့်ပတ်သက်၍ ရေးသားထားသည်။

G.O.D အဖွဲ့အနေဖြင့် YGN PDF အဖွဲ့နှင့်ပေါင်း၍ မြို့နယ်အစုံ၌ ဖောက်ခွဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်တော့မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့်အသွားအလာ ဆင်ခြင်ရန် သတိပေးထားသည်။

Public Service Announcement

Public Service Announcement

“နောက်နောင်မှာလဲ ဆက်လက်တိုက်ခိုက် သွားမှာဖြစ်ပြီး အလံမလ်ိပ် တပ်မခေါက်ပဲ အဆုံးထိ
လျှောက်လှမ်းသွားပါမယ်။ပြည်သူများဘက်မှလဲ နိုင်ရာတာဝန်ထမ်းပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ တိုက်တွန်းအပ်ပါတယ်။ ကျုပ်တို့အဖွဲဝင်များအနေ နှင့်လဲ သတိပေးတားမြစ်မှုများ ပြုလုပ်ပြီး ဖြစ်ပါသောကြောင့် Missionအတွက် တစ်ရှိန်ထိုးသွားတော့မည်ဖြစ်သဖြင့် ပြည်သူများ အထိခိုက်ကင်းစေရန်ကျွန်ုပ်တို့ရဲ့တားမြစ်နေရာများအား ရှောင်ကျဥ်ခြင်းဖြင့် ကူညီပေးကြရန် တောင်းဆိုအပ်ပါတယ်” ဟု G.O.D ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မတ်လ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့စစ်ကိုင်း ငလျင်ကြီးအတွင်း နိုင်ငံ​တော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘယ်ဖက်လက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ယုံကြည်ရကြောင်း သိရပါတယ်။

သတင်း

မကွေးတိုင်း၊ထီးလင်းမြို့အချုပ်ခန်း၌ စစ်​ကောင်စီက ဖမ်းဆီးချုပ်​နှောင်ထားသောပြည်သူ ၁၃ ဦး ထွက်ပြေးလွတ် မြောက်လာကြောင်းဒေသခံသတင်းရင်းမြစ်များကလူထုနွေဦးသို့ပြောသည်။

သတင်း

ဖားကန့်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က နောက်ထပ်အရပ်သား၃ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီးကိုယ်လက်အင်္ဂါများဖြတ်တောက်ကာ လမ်းဘေး၌ အလောင်းစွန့်ပစ်သွားသည်။

သတင်း

ပြည်တွင်း၊ပြည်ပရှိ ပြည်သူများ၏ထောက်ခံပါဝင်မှုများကြောင့်သာပြည်သူ့ကာကွယ်ရေးတပ်မတော် -PDFများက အင်အားကြီးမားပါသည်ဆိုသော စစ်တပ်ကိုဖိအားပေး တိုက်ခိုက်နေနိုင်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထုတ် ဖော် ပြောကြားသည်။