Connect with us

Hi, what are you looking for?

News

ဘုရင့်နောင် (၅၃၂)တပ်ရင်း အဝေးထိန်းဗုံးဖြင့်ဖောက်ခွဲခဲ့ရာ ပြည်သူသုံးဦး ဒဏ်ရာရရှိသွား၍ Gods of Death အဖွဲ့ တောင်းပန်

G.O.D အဖွဲ့အနေဖြင့် YGN PDF အဖွဲ့နှင့်ပေါင်း၍ မြို့နယ်အစုံ၌ ဖောက်ခွဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်တော့မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့်အသွားအလာ ဆင်ခြင်ရန် သတိပေးထားသည်။

People's Spring
People's Spring

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ရန်ကုန်မြို့ကို လက်ရှိအချိန်အထိ မထိန်းချုပ်နိုင်သေးကြောင်း ပြသသည့်အနေဖြင့် ဘုရင့်နောင် (၅၃၂)တပ်ရင်း အနီး အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ ပြည်သူသုံးဦးဒဏ်ရာရရှိခဲ့သော ကြောင့် တောင်းပန်ကြောင်း Gods of Death အဖွဲ့က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၇ ရက်)ညနေ ၆ နာရီကျော်တွင် ဘုရင့်နောင်(၅၃၂)တပ်ရင်း အနီး အဝေးထိန်းဗုံးနှစ်လုံးကို G.O.D က YGN PDF အဖွဲ့နှင့်ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။

“ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်စဥ်အတွင်း လမ်းသွားလမ်းလာ ပြည်သူသုံးဦး ထိခိုက်မှုရှိခဲ့သည့် အတွက် ကျွန်ုပ်တို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ရိုကျိုးစွာဖြင့် အနူးအညွတ် တောင်းပန် အပ်ပါသည်။”ဟု ဒဏ်ရာရရှိသူများနှင့်ပတ်သက်၍ ရေးသားထားသည်။

G.O.D အဖွဲ့အနေဖြင့် YGN PDF အဖွဲ့နှင့်ပေါင်း၍ မြို့နယ်အစုံ၌ ဖောက်ခွဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်တော့မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့်အသွားအလာ ဆင်ခြင်ရန် သတိပေးထားသည်။

Public Service Announcement

Public Service Announcement

“နောက်နောင်မှာလဲ ဆက်လက်တိုက်ခိုက် သွားမှာဖြစ်ပြီး အလံမလ်ိပ် တပ်မခေါက်ပဲ အဆုံးထိ
လျှောက်လှမ်းသွားပါမယ်။ပြည်သူများဘက်မှလဲ နိုင်ရာတာဝန်ထမ်းပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ တိုက်တွန်းအပ်ပါတယ်။ ကျုပ်တို့အဖွဲဝင်များအနေ နှင့်လဲ သတိပေးတားမြစ်မှုများ ပြုလုပ်ပြီး ဖြစ်ပါသောကြောင့် Missionအတွက် တစ်ရှိန်ထိုးသွားတော့မည်ဖြစ်သဖြင့် ပြည်သူများ အထိခိုက်ကင်းစေရန်ကျွန်ုပ်တို့ရဲ့တားမြစ်နေရာများအား ရှောင်ကျဥ်ခြင်းဖြင့် ကူညီပေးကြရန် တောင်းဆိုအပ်ပါတယ်” ဟု G.O.D ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။