Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့ ယနေ့ညပိုင်း နေရာအချို့တွင် ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုဖြစ်

ရန်ကုန်မြို့၌ ယနေ့ ညပိုင်းတွင် ရွှေပြည်သာ၊ အင်းစိန်၊လှိုင်၊ကမာရွတ်၊မြောက်ဥက္ကလာ၊တောင်ဒဂုံ၊မြောက်ဒဂုံနှင့် သာကေတမြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုများနှင့် ပစ်ခတ်မှုအချို့ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ယနေ့ ညပိုင်းတွင် တိုက်ခိုက်ခံရသည့် မြောက်ဥက္ကလာပရဲစခန်းအား တွေ့ရစဥ်)

ရွှေပြည်သာ

ယနေ့ည ၈နာရီခန့်တွင် ရွှေပြည်သာ နဝရတ်စျေးအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု ရှိနိုင်ကြောင်း ရွှေပြည်သာမြို့နယ်သတင်းပြန်ကြားရေးက ဆိုသည်။

မြောက်ဥက္ကလာ

ယနေ့ည ၈နာရီ ၂၄ မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းမပေါ်၊ မြရတနာ အမှတ် (၉)ရဲစခန်းအနီးတွင် ပစ်ခတ်ပေါက်ကွဲ မှုများဖြစ်ပေါ်ခဲ့သည်ဟု North Okkalapa Information က အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

သာကေတ

ယနေ့ည ၉ နာရီခန့်တွင် ပစ်ခတ်သံအချို့ ဖြစ်ပေါ်ခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်၏ DC ယာဥ်လေးစီးသည် ရူခင်သာမြို့ပတ်လမ်းအတိိုင်း မောင်းနှင်သွားကြောင်း မျက်မြင်တွေ့ရှိသူ အချို့က ဆိုသည်။

မရမ်းကုန်း

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ရန်ကုန်မြို့ကို လက်ရှိအချိန်အထိ မထိန်းချုပ်နိုင်သေး ကြောင်း ပြသသည့်အနေဖြင့် ဘုရင့်နောင် (၅၃၂) တပ်ရင်းအနီး အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ကြောင်း Gods of Death အဖွဲ့က ထုတ်ပြန်ထားသည်။

ယနေ့(မတ်လ ၂၇ ရက်)ညနေ ၆ နာရီကျော်တွင် ဘုရင့်နောင်(၅၃၂)တပ်ရင်း အနီး အဝေးထိန်းဗုံးနှစ်လုံးကို G.O.D က YGN PDF အဖွဲ့နှင့်ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်စဥ်အတွင်း လမ်းသွားလမ်းလာ ပြည်သူသုံးဦး ထိခိုက်မှုရှိခဲ့သည့် အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ရိုကျိုးစွာဖြင့် အနူးအညွတ် တောင်းပန်ကြောင်းလည်း G.O.D က ဆိုသည်။

ယနေ့ နံနက်ပိုင်းကလည်း သာကေတနှင့် ဗဟန်း မြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​ဖော်ပြပါတယ်။

သတင်း

TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ ဒီကက​နေ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေဆုံးဒဏ်ရာရသူ​တွေများတယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။