Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖရူဆိုအခြေစိုက် စစ်ကောင်စီ၏ ခမရ(၄၂၈)တပ်ရင်းနှင့် မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ် ကင်းပုန်းစခန်းများကို KNDF တိုက်ခိုက်

တိုက်ပွဲ ဖြစ်စဥ်မှာ မတ်လ ၂၆ ရက် ည ၉ နာရီ မိနစ် ၂၀ခန့်က ၄၂၂တပ်စခန်းအနီး တစ်ဝှိုက်ရှိ ကင်းပုန်းစခန်းများအား KNDF တပ်ရင်း-၃ နှင့် တပ်ရင်း-၁၁ တို့က ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ(၄၂၈) တပ်ရင်းကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တပ်ရင်း-၄ က ယနေ့(မတ်လ ၂၈ရက်) ထုတ်ပြန်သည်။

ကရင်နီတပ်မတော်(KA)နှင့်အတူ KNDF တပ်ရင်း-၄ နှင့် တပ်ရင်း-၈ တို့ပူးပေါင်းကာ မတ်လ ၂၆ ရက်နှင့်၂၇ ရက် နှစ်ရက်တာ တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုရှိသော်လည်း အတိအကျ အတည်မပြုနိုင် သေးဟု KNDF က ဆိုသည်။

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုမှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ သည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၅ ရက်လည်း ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်တွင် တပ်မ(၆၆)လက်အောက်ခံ တပ်နှင့် ကရင်နီတပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရသည်။

ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ(၅၃၁)၊ ခမရ(၄၂၈)နှင့် အမှတ်(၁၄) လေ့ကျင့်ရေးတပ် တို့ ရှိသည်။

ထို့အပြင် ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ် မိုးဗြဲမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်၏ ခမရ(၄၂၂)တပ်၏ ကင်းပုန်းစခန်းများကိုဝင်တိုက်ရာ စစ်ကောင်စီတပ်သားငါးဦး သေဆုံးကြောင်း ကရင် နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)ဖယ်ခုံဇုန်က ယနေ့(မတ်လ ၂၈ရက်) ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ မတ်လ ၂၆ ရက် ည ၉ နာရီ မိနစ် ၂၀ခန့်က ၄၂၂တပ်စခန်းအနီး တစ်ဝှိုက်ရှိ ကင်းပုန်းစခန်းများအား KNDF တပ်ရင်း-၃ နှင့် တပ်ရင်း-၁၁ တို့က ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။