Connect with us

Hi, what are you looking for?

News

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားစံနှုန်းချိုးဖောက်ခံရမှုများအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းမည်ဟု ILOဆုံးဖြတ်

ကော်မရှင်သည် မြန်မာနိုင်ငံ၌ အသင်းအဖွဲ့လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်ကာကွယ်ရေးသဘောတူစာချုပ်နှင့် အတင်းအဓမ္မအလုပ်သမားသဘောတူစာချုပ်တို့ကို ချိုးဖောက်မှုများအတွက် စုံစမ်းစစ်ဆေးမည်ဖြစ်သည်။

(မတ်လ ၂၁ရက်က Food Panda လုပ်သားများ လုပ်ခလစာညှိနှိုင်းရန် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်း၌ စု​ဝေး​နေစဥ် စစ်​ကောင်စီတပ်သားများ လာ​ရောက်၍ ပုံစံထိုင်ခိုင်းပြီး ခြိမ်း​ခြောက်​နေစဥ်)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံ တကာအလုပ်သမားစံနှုန်းများကိုလိုက်နာ ခြင်းမရှိသည့်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းရန် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)က ဆုံးဖြတ်ခဲ့သည်။

ဂျီနီဗာ၌ မတ်လ ၁၅ရက်မှ ၂၅ရက်အထိ ကျင်းပခဲ့သော ILO အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအရေးနှင့်ပတ်သက်၍ ဆုံးဖြတ် ချက် ၃ရပ်ချမှတ်ခဲ့ရာ မြန်မာ့အလုပ် သမားအရေးချိုးဖောက်မှုများအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းရန် အချက်ပါဝင်ခဲ့ ခြင်းဖြစ်သည်။

အဆိုပါစုံစမ်းစစ်ဆေးရေးကော်မရှင်သည် ILO ၏ အမြင့်ဆုံးအဆင့် စုံစမ်းစစ်ဆေးမှုဆိုင်ရာ လုပ်ငန်းစဉ်ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံက ဆိုးရွားသည့်ချိုးဖောက်မှုများကျူးလွန်သည်ဟု စွပ်စွဲခံရကာ ယင်းတို့ကို ဖြေရှင်းရန် ကြိမ်ဖန်များစွာ ငြင်းဆန်မှုများကြောင့် ဖွဲ့စည်းရခြင်းဖြစ်သည်။

ကော်မရှင်သည် မြန်မာနိုင်ငံ၌ အသင်းအဖွဲ့လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်ကာကွယ်ရေးသဘောတူစာချုပ်နှင့် အတင်းအဓမ္မအလုပ်သမားသဘောတူစာချုပ်တို့ကို ချိုးဖောက်မှုများအတွက် စုံစမ်းစစ်ဆေးမည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ILO အုပ်ချုပ်ရေးအဖွဲ့သည် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများအပေါ် ကြီးမားကျယ်ပြန့်စွာ သေစေနိုင်သောအကြမ်းဖက်မှုများ နှင့် မလွှကုန်းမီးရထားသမဂ္ဂအဖွဲ့ဝင် ကို အောင်ကိုလတ်ကို ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းတို့ကို လွန်စွာစိုးရိမ်ကြောင်း ထုတ်ပြန်သည်။

မြန်မာစစ်တပ်အနေဖြင့် အထက်ပါကျူးလွန်လုပ်ဆောင်မှုများကို ချက်ချင်းရပ်တန့်ရန် ILO အုပ်ချုပ်ရေးအဖွဲ့က တောင်းဆိုသည်။

လက်ရှိအချိန်အထိ ILO က ယင်းသို့သော စုံစမ်းစစ်ဆေးရေးကော်မရှင် ၁၄ ခု ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဇူလိုင်-၂၄၊၂၀၂၆။People’s Spring ဒီ​နေ့ဟာ စစ်တပ်အာဏာသိမ်းတာ ရက်​ပေါင်း ၂၀၀၀ တိတိပြည့်တဲ့​နေ့ပါ။ ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၂၀ မှာ ကမ္ဘာ့ကပ်​ရောဂါ ကိုဗစ်ရင်ဆိုင်ခဲ့ရ​ပေမယ့် ​အရပ်သားအစိုးရဦး​ဆောင်မှုနဲ့ ကပ်​​ရောဂါကိုအ​ကောင်းဆုံးရင်ဆိုင်ပြီး ကိုဗစ်အလွန်ကာလမှာ ပြန်လည်ထူ​ထောင်​ရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး​ရေး​တွေကို အရှိန်အဟုန်းနဲ့ လုပ်ဖို့ ပြင်ဆင်ထားချိန်မှာပဲ မင်း​အောင်လှိုင် ဦး​ဆောင်တဲ့စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းတာက...

သတင်း

စစ်တပ်ရဲ့ ပြည်တွင်း၊ပြည်ပ ထုတ်ကုန်ကန့်သတ်မှုတွေကြောင့် ကြက်စာတွေဈေးကြီးပြီး ဝယ်လိုအားကို မဖြည့်နိုင်တာကြောင့် ကြက်ဥ ဈေး ကျပ် ၇၀၀အထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ဆောင်းပါး

ရွှေပြည်သာမြို့နယ်မှာဖွင့်ထားတဲ့ နေရွှေဝင်းအထည်ချုပ်စက်ရုံရဲ့ကြေငြာသင်ပုန်းအရှေ့ မှာ အလုပ်သမားတွေတရုန်းရုန်းနဲ့ဖြစ်နေပြီး HRဌာနက ကပ်သွားတဲ့ကြေညာစာကို တိုးဝှေ့ဖတ်ရှုနေ ကြပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ် မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မေလ ၁ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။