Connect with us

Hi, what are you looking for?

News

နွားထိုးကြီးမြို့ လျှပ်စစ်ရုံး​ပေါက်ကွဲမှုဖြစ်ပြီး ဝန်ထမ်းတစ်ဦးဒဏ်ရာရ

နွားထိုးကြီး လျှပ်စစ်ရုံးအား နည်းနည်းဆုံးမထားပြီး အဆိုပါ ရုံးနှင့်ကိုက် ၁၀၀အတွင်း လုံးဝမကပ်ကြပါရန်လည်း မေတ္တာရပ်ခံကြောင်း Natogyi People Defence Force(NPDF)က အသိပေးထားသည်။

မန္တလေးတိုင်း နွားထိုးကြီးမြို့ပေါ်ရှိ လျှပ်စစ်မန်​နေဂျာရုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အမျိုးသမီးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(မတ်လ ၂၉ ရက်) နံနက် ၁၀နာရီ ၄၅မိနစ်ခန့်က နွားထိုးကြီးမြို့နယ် လျှပ်စစ်ရုံး ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ အခြားထိခိုက်မှုများလည်းရှိနိုင်ကြောင်း ဒေသခံများက ပြော သည်။

နွားထိုးကြီး လျှပ်စစ်ရုံးအား နည်းနည်းဆုံးမထားပြီး အဆိုပါ ရုံးနှင့်ကိုက် ၁၀၀အတွင်း လုံးဝမကပ်ကြပါရန်လည်း မေတ္တာရပ်ခံကြောင်း Natogyi People Defence Force(NPDF)က အသိပေးထားသည်။

“EPCက ရွာတိုင်းကို ကောက်နေတာ။ မီးမဆောင်တဲ့ရွာ မဆောင်တဲ့ ရပ်ကွက်တွေကို မီးဖျက် ဖိအားပေးတာတွေလုပ်နေတယ်။ အကြိမ်ကြိမ်သတိပေးထားတာကို ဂရုမစိုက်ဘဲ စခတွေနဲ့ပေါင်းပြီး အတော်ဆိုးနေလို့ လုပ်လိုက်ရတာပါ။”ဟု NPDFအဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

နွားထိုးကြီး PDF အဖွဲ့သည် ယမန်နေ့(မတ်လ ၂၈ရက်) နံနက် ၁၀နာရီ မိနစ်၂၀ခန့်တွင် နွားထိုးကြီးမြို့နယ် ပဲချက်​ကျေးရွာ၏ တောင်ဘက်၌ စစ်ကောင်စီ၏ ကားအသေးတစ်စီးကို မိုင်းဆွဲခဲ့ကြောင်း၊ မတ်လ ၂၇ ရက်ကလည်း နွားထိုးကြီးမြို့နယ် ၀က်လူးကျေးရွာ၌ အင်အား၆၀ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီစခန်းတစ်ခုအား NPDFက ဝင်တိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားခုနှစ်ဦး သေဆုံးကြောင်း ထုတ်ပြန်ထားသည်။

နွားထိုးကြီး PDFအဖွဲ့သည် မတ်လ ၂၆ ရက်နှင့် ၂၈ ရက်နေ့များကလည်း နွားထိုးကြီးနယ်အတွင်း အကြမ်းဖက်စစ်ကောင်စီထောက်တိုင် Mytel တာဝါတိုင်များအား ဖြိုလှဲခြင်း၊ စစ်ကောင်စီသတင်းပေးတစ်ဦးအား ရှင်းလင်းခြင်းနှင့် စစ်ဆေးရန်လာရောက်သည့် စစ်ကောင်စီယာဥ်အား မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

အကြမ်းဖက်စစ်​ကောင်စီတပ်ကလည်း နွားထိုးကြီးမြို့နယ်အတွင်းရှိ ​ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။