Connect with us

Hi, what are you looking for?

News

ပြည်သူရင်ခွင်ခိုလှုံလိုသည့် စစ်ကောင်စီတပ်သားများ ဆက်သွယ်နိုင်ကြောင်း KRF ကြေညာ

KRF နှင့်ဆက်သွယ်ပြီး အလင်းဝင်လာသည့်တပ်မတော်သားများအား လုံခြုံစိတ်ချရသော လွတ်မြောက်နယ်မြေသို့လည်းကောင်း၊ မိမိသွားလိုသော အရပ်ဒေသသို့လည်းကောင်း ဘေးအန္တရာယ်ကင်းစွာ ချိတ်ဆက်ပို့ဆောင်ပေး မည်ဟုဖော်ပြထားသည်။

လက်နက်ခဲယမ်းပါလာမှုအပေါ်မူတည်ပြီး ဆုငွေပေးမည်ဟုဆို

ပြည်သူလူထုအား ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီ၏ လက်ပါးစေအဖြစ် ဆက်လက်မလုပ်ကိုင်လိုဘဲ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုသော တပ်မတော် သားများအနေဖြင့် အလင်းဝင်လိုပါက ဆက်သွယ်နိုင် ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု(KRF)က ယနေ့ထုတ်ပြန်သည်။

KRF နှင့်ဆက်သွယ်ပြီး အလင်းဝင်လာသည့်တပ်မတော်သားများအား လုံခြုံစိတ်ချရသော လွတ်မြောက်နယ်မြေသို့လည်းကောင်း၊ မိမိသွားလိုသော အရပ်ဒေသသို့လည်းကောင်း ဘေးအန္တရာယ်ကင်းစွာ ချိတ်ဆက်ပို့ဆောင်ပေး မည်ဟုဖော်ပြထားသည်။

လူနှင့်အတူ လက်နက်ပါ တပါတည်း ယူဆောင်လာပါက လက်နက်ငယ် တစ်လက်လျှင် သိန်း ၃၀ကျပ်၊ လက်နက်ကြီး ( RPG, 40 mm, 60 mm) တစ်လက်လျှင် ကျပ်သိန်း ၅၀၊ ကျည်ဘောက် (Magazine) တစ်ခုလျှင် ငါးသောင်းကျပ်၊ လက်နက်ငယ်ကျည်ဆံ တစ် တောင့်လျှင် ၅၀၀ကျပ်၊ လက်နက်ကြီး ကျည်ဆံ ( RPG, 40 mm, 60 mm) တစ်ခုလျှင် ငါးသောင်းကျပ်၊ လက်ပစ်ဗုံးသီး တစ်လုံးလျှင် တစ်သောင်းကျပ်ဖြင့် အသီးသီးပေးအပ်ချီး မြှင့်သွားမည်ဟု KRFက ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လိုသော တပ်မတော်သားများအနေဖြင့် KRF ပေ့ချ်၏ မက်ဆင်ဂျာတွင် လာရောက် စာရင်းပေးနိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။