Connect with us

Hi, what are you looking for?

News

ဖားကန့်မြို့ လျှပ်စစ်ရုံး ပေါက်ကွဲမှုဖြစ်

ပေါက်ကွဲမှုဖြစ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီက လမ်းသွားလမ်းလာအချို့ကို တားဆီးစစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။

(စစ်အာဏာရှင်ဆန့်ကျင်​ရေး ချီတက်ဆန္ဒပြ​နေသည့် ဖားကန့်ပင်မသပိတ်စစ်​ကြောင်းကို မတ်လ ၈ရက်က ​တွေ့ရစဥ်၊ ဓာတ်ပုံ - ဖားကန့်ပင်မသပိတ်)

ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်ရှိ မြို့နယ်လျှပ်စစ်မန်​နေဂျားရုံးအတွင်း ယနေ့ည ၇နာရီခန့်က ပြင်းထန်​သော ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ဖားကန့်မြို့နယ် လျှပ်စစ်ရုံးသည် ယနေ့(ဧပြီ ၁ရက်) ည ၇နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်သည်။

“ရုံးဝမှာ ပေါက်တာ။ ပေါက်ကွဲအား ပြင်းတယ်။ ကားတစ်စီးထိတယ်။ လူထိမထိတော့ မသိရသေးဘူး”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီက လမ်းသွားလမ်းလာအချို့ကို တားဆီးစစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဖားကန့်မြို့သည် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် အလွန်တက်ကြွလှုပ်ရှားသည့်မြို့ဖြစ်ပြီး KIAနှင့် PDFအားထောက်ခံသည့်သပ်ိတ်နှင့် မင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ရှုတ်ချရေးသပိတ်ကို နေ့စဥ်ပြုလုပ်နေသည်။

၂၀၂ဝ ပြည်လုံးကျွတ်ရွေးကောက်ပွဲ အောင်နိုင်ခဲ့သည့် အမတ်များအနက် အသက်အငယ်ဆုံးဖြစ်သည့် ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးအောင်ဟိန်းမင်းက ယမန်နေ့(မတ်၃၁ရက်)တွင် ဖေ့ဘွတ်စ် လူမှုကွန်ရက်မှတစ်ဆင့် လူထုအား စကားပြောကြားရာ၌ စစ်အာဏာရှင်ဇာတ်သိမ်းသည်အထိ ပြည်သူ့အားဖြင့် တိုက်ထုတ်သွားမည်ဟု ပြောကြားထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုရွေးကောက်ခံခဲ့သည့် အသက်(၂၇)နှစ်အရွယ် ဦးအောင်ဟိန်းမင်းသည် ယခုအခါ လုံခြုံစိတ်ချရသည့် ​နေရာ၌ နေထိုင်ရင်း စစ်အာဏာရှင်ဆန့်ကျင်ရေးကို ဆောင်ရွက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​ဖော်ပြပါတယ်။

သတင်း

TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ ဒီကက​နေ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေဆုံးဒဏ်ရာရသူ​တွေများတယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။