Connect with us

Hi, what are you looking for?

News

မန္တလေးက ထွေအုပ်ရုံးနဲ့ ရပ်ကွက်ရုံး မနေ့က ညပိုင်း တိုက်ခိုက်ခံရ

ည ၈ နာရီလောက်မှာ လည်း ချမ်းအေးသာစံမြို့နယ် ၊ ၃၃ လမ်း နဲ့ ၈၈ လမ်း မှာရှိတဲ့ ရပ်ကွက်ရုံး လုံခြုံရေး ယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထပ်တိုက်ခံရတာဖြစ်ပါတယ်။

People's Spring
People's Spring

မနေ့က ညပိုင်းက မန္တလေးမှာရှိတဲ့ မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ချမ်းအေးသာစံမြို့နယ် အတွင်းက ရပ်ကွက်ရုံးတစ်ရုံးကို မြို့ပြပျောက်ကြားအဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။

မဟာအောင်မြေမြို့နယ် ထွေအုပ်ရုံးကတော့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ည ၆ နာရီလောက်မှာတိုက်ခိုက်ခံရတာပါ။

ည ၈ နာရီလောက်မှာ လည်း ချမ်းအေးသာစံမြို့နယ် ၊ ၃၃ လမ်း နဲ့ ၈၈ လမ်း မှာရှိတဲ့ ရပ်ကွက်ရုံး လုံခြုံရေး ယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထပ်တိုက်ခံရတာဖြစ်ပါတယ်။

ချမ်းအေးသာစံမြို့နယ် ရပ်ကွက်ရုံး တိုက်ခိုက်ခံရမှုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ထိခိုက်မှု ရှိတယ်လို့ သတင်းတွေထွက်လာပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ၆၉လမ်း နဲ့ ၃၆လမ်းရှိစည်ပင်ဝန်ထမ်းအိမ်ရာဝင်းအတွင်း ဗုံးပေါက်ကွဲမှုလည်းဖြစ်ခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။