Connect with us

Hi, what are you looking for?

News

ကုလလူ့အခွင့်အရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ် ချက်ကို NUG ကြိုဆို

ဆက်လက်ပြီး တရားလက်လွှတ်ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးပြန်လွှတ်ပေးရန်၊ ချိုးဖောက်မှုနှင့် မတရားပြုကျင့်သူ ကျူးလွန်သူအားလုံးကို တာဝန်ခံမှုစေရေးလုပ်ဆောင်ရန်နှင့် ပြုကျင့်ခံရသူများ၊ ရှင်ကျန်ရစ်သူများအားလုံးအတွက် တရားမျှတမှုရှိစေရန် တို့ကို ကောင်စီ၏ ဆုံးဖြတ်ချက်၌ ပါရှိသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ မြန်မာ့လူ့အခွင့်အရေးအခြေအနေဆိုင်ရာဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ယနေ့ထုတ်ပြန်သည်။

ဧပြီ ၁ ရက်တွင် ကျင်းပပြီးစီးသော (၄၉)ကြိမ်မြောက် ကုလလူ့အခွင့်အရေးကောင်စီအစည်းအဝေးက ချမှတ်ခဲ့သည့် မြန်မာ့အရေးဆုံးဖြတ်ချက်တွင် ၂၀၂၀ ရွေးကောက် ပွဲ၌ ထုတ်ဖော်ပြသခဲ့သည့် မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒများကို လေးစားရန်တောင်းဆိုပြီး ဒီမိုကရေစီနှင့် အရပ်သားအစိုးရအတွက် မြန်မာပြည်သူများ၏ ပြင်းပြသည့်စိတ်ဆန္ဒကို အပြည့်အဝအားပေးထောက်ခံမည်ဖြစ်ကြောင်း ဖော်ပြသည်။

ဆက်လက်ပြီး တရားလက်လွှတ်ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးပြန်လွှတ်ပေးရန်၊ ချိုးဖောက်မှုနှင့် မတရားပြုကျင့်သူ ကျူးလွန်သူအားလုံးကို တာဝန်ခံမှုစေရေးလုပ်ဆောင်ရန်နှင့် ပြုကျင့်ခံရသူများ၊ ရှင်ကျန်ရစ်သူများအားလုံးအတွက် တရားမျှတမှုရှိစေရန် တို့ကို ကောင်စီ၏ ဆုံးဖြတ်ချက်၌ ပါရှိသည်။

သို့သော် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းချိန်မှ စ၍ ကုလသမဂ္ဂ၏ တုံ့ပြန်မှုများကို အာရုံစိုက်ထားသည့် ရိုဆန်သဲလ်အစီရင်ခံစာကို နောက်ဆက်တွဲအရေးယူ​ဆောင်ရွက်မှုများ အကောင်အထည်ဖော်ရေး နိုင်ငံတကာကျွမ်းကျင်သူများဦးဆောင်မှုဖြင့် လွတ်လပ်၊ ကျယ်ပြန့်စွာ စုံစမ်းဖော်ထုတ်ရန် NUG က ထပ်လောင်းတောင်းဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။