မန္တလေးမြို့ရှိ ကျုံးပတ်ပတ်လည်မှ လမ်းပိုင်းများကို နံနက် ၅ နာရီမှ ၈နာရီအတွင်း အသုံးမပြုကြရန် မြို့ပြပြောက်ကျားတပ် Ranger Of Mandalay(ROM)က ယနေ့(ဧပြီ ၃)သတိ ပေးချက်ထုတ်ပြန်လိုက်သည်။
အဆိုပါလမ်းပိုင်းများကို ဧပြီ ၄ ရက်(မနက် ဖြန်)မှ ၅ ရက်အထိ သတိပေးတားမြစ်ထားသည့်အချိန်အတွင်း အသုံးမပြုရန် အသိပေးထားသည်။
“Mission တွေ အတွက်အမြဲကြိုးစားနေပါတယ်။ ကျွန်တော်တို့ရဲ့ အချိန်အအခါအရထုတ်ပြန်ကြေညာချက်များကို လိုက်နာပေးပါ”ဟု ROMက ဖော်ပြသည်။

အသိပေးထုတ်ပြန်ချက်အား လိုက်နာမှုမရှိဘဲ မိမိသဘောဆန္ဒအလျောက် ဖြတ်သန်းသွား လာ၍ ထိခိုက်မှုရှိပါက တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement
ROM နှင့် မဟာမိတ်ညီနောင်အဖွဲ့များသည် မန္တလေးမြို့ရှိ စစ်ကောင်စီတပ်နှင့် ထောက်တိုင်များအား အရှိန်မြှင့် တိုက်ခိုက်လျှက်ရှိရာ ယခုဧပြီလဆန်းပိုင်းတွင် မြို့နယ်ထွေအုပ်ရုံးတစ်ရုံး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးနှင့် မြဝတီဘဏ်အစောင့် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။


















































