မန္တလေးမြို့ ကျုံးပတ်လည်လမ်းပိုင်းတစ်ခုကို ဖြတ် သန်းသွားလာခြင်းမပြုရန် ကြေညာထားပြီး စစ်ဆင်ရေးပြုလုပ်ရန် ကြိုးပမ်းခ့သော်လည်း ပြည်သူများရှိနေသောကြောင့် စစ်ဆင်ရေးကို နောက်ဆုတ်ခဲ့ရကြောင်း Mandalay Ranger Force- PDFက အသိပေးထုတ် ပြန်သည်။
“ စခ၊ ရခ တွေ ကင်းပုန်းတွေ အထပ်ထပ်ချထားတဲ့ကြားမှအသက်ရင်းပြီး ကျွန်တော်တို့ တစ်ကိုယ်လုံးမှာ သံခြစ်ရာ၊ ဆူးခြစ်ရာတွေနဲ့ရအောင်ထိုးဖောက်ဝင်ရောက်ခဲ့သော်လည်း အားကစားပြုလုပ်သူများ အိမ်စီးကားနှင့် အရပ်သားများ၊ သန့်ရှင်းရေးဝန်ထမ်းများရှိနေသော ကြောင့်Cancle sign ပြန်ကာပြန်ဆုတ်ခဲ့ပါသည်။” ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

Mandalay Ranger Forceအဖွဲ့က ဧပြီ ၄ နှင့် ၅ရက်နံနက် ၅နာရီမှ ၈နာရီအတွင်း မန္တလေးကျုံးဘေး လမ်းပိုင်းတစ်ခုကို ဖြတ်သန်းသွားလာခြင်း မပြုရန် ဧပြီ ၃ရက်ကတည်းက ကြိုတင်ကြေညာချက် ထုတ်ပြန်ထားသည်။
“ ကျွန်တော်တို့၏ ထုတ်ပြန်ချက်ကို မသိရှိသော ပြည်သူ များဖြစ်မည်ဟုထင်ပါတယ်။ နောင်တစ်ခါဒါမျိုးကြုံခဲ့လျှင် လုပ်ငန်းစဉ်တိုင်း ဆက်သွားပါမည် ။ပြည်သူကိုအလေးထားပါသည်။ ပူးပေါင်းပေးကြပါ။ ကူညီပေးကြပါလ်ို့ ပြောလိုပါတယ် ။” ဟု Mandaly Ranger Force အဖွဲ့က ထပ်မံ အသိပေးထားသည်။

Public Service Announcement
စစ်ဆင်ရေးဖျက်သိမ်းခဲ့ရသောကြောင့် ဗုံးတစ်လုံးဆုံးရှုံးခဲ့ပြီး ၎င်းတို့ အဖွဲ့ဝင်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

















































