Connect with us

Hi, what are you looking for?

News

သထုံမြို့နယ်ရှိ စစ်ကောင်စီသတင်းပေးဒလန်များကို PDF နောက်ဆုံးသတိပေး

အဆိုပါ စစ်ကောင်စီ သတင်းပေးဒလန်များ၏ အမည်စာရင်းများ ရရှိနေပြီဖြစ်ကြောင်း၊ သတိပေးချက်ကို မလိုက်နာပါကထိုက်တန်သည့် လုပ်ဆောင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအား သတင်းပေးနေသည့် ဒလန်များနှင့် စစ်ကောင်စီအလိုကျပါဝင်ဆောင်ရွက်ပေး နေသူများအနေဖြင့် စစ်ကောင်စီ အလိုကျ မည်သည့် ဆောင်ရွက်မှုမျိုးကိုမျှ ပါဝင်ဆောင်ရွက်ပေးခြင်းမပြုရန် နောက်ဆုံးအနေ ဖြင့် အလေးအနက် ထပ်မံသတိပေးလိုက်ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတိပေးထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီ သတင်းပေးဒလန်များ၏ အမည်စာရင်းများ ရရှိနေပြီဖြစ်ကြောင်း၊ သတိပေးချက်ကို မလိုက်နာပါကထိုက်တန်သည့် လုပ်ဆောင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

သထုံ PDFသည် ဒေသတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) လက်အောက်ခံတပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်။ မတ်လကုန်ပိုင်းနှင့် ဧပြီလဆန်းပိုင်းက စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းနှင့် ထွေအုပ်ရုံးများကို KNUနှင့် သထုံ PDFတို့ ပူးပေါင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။