Connect with us

Hi, what are you looking for?

News

ပြည်သူများအနေဖြင့် ကလေး PDFတပ်ရင်းများသို့သာ တိုက်ရိုက်ဆက်သွယ် လှူဒါန်းကြရန် မေတ္တာရပ်ခံ

ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)သို့ အလှူငွေများ လှူဒါန်းလိုပါက ကလေး PDFတပ်ရင်းတပ်ဖွဲ့များ၏ တရားဝင် Facebook စာမျက်နှာများသို့သာ တိုက်ရိုက်ဆက်သွယ်လှူဒါန်းကြရန် မေတ္တာရပ်ခံကြောင်း ကလေး PDFက ယနေ့ ထုတ်ပြန်သည်။

ယခုထုတ်ပြန်အသိပေးချိန်မှစ၍ က​လေးPDF ၏ အထက်ပါတရားဝင် Facebook Page များမှလွှဲ၍ အခြားသော Facebook Page များ ၊ တပ်ဖွဲ့၀င်များ၏ကိုယ်ပိုင် Personal Facebook Accounts များဖြင့် ​က​လေး PDF အတွက် အလှူငွေလက်ခံရယူခြင်း လုံးဝမပြုလုပ်ရန် တပ်ရင်းတပ်ဖွဲ့ဝင်များအားလုံးသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း အသိပေးထားသည်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် ကလေး PDFမှ ပါဝင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအတွက် ပြည်သူများ၏ လှူဒါန်းမှုပမာဏများကို စနစ်တကျမှတ်တမ်းတင်နိုင်ရန်၊ ထိ‌ရောက်စွာအသုံးပြုနိုင်ရန်၊ ပွင့်လင်းမြင်သာမှုရှိ‌စေရန်နှင့် အလွဲသုံးစားပြုလုပ်မှုများ မဖြစ်ပေါ်စေရန် ကလေး PDF ၏ပင်မစာမျက်နှာ သို့မဟုတ် သက်ဆိုင်ရာတပ်ရင်း အသီးသီး၏ တရားဝင် Facebook စာမျက်နှာများမှသာ ဆက်သွယ် လှူဒါန်းကြရန် ထုတ်ပြန်ခဲ့သည်။

က​လေး PDF တပ်ရင်းတပ်ဖွဲ့များ၏ တရားဝင် Facebook Page များမှာ

ပင်မစာမျက်နာ ၁ https://www.facebook.com/pdfkalay/ ၊

Public Service Announcement

Public Service Announcement

ပင်မစာမျက်နာ ၂ https://www.facebook.com/kalayheroes/ ၊

တပ်ရင်း ၁ https://www.facebook.com/Battalion1ofKalayPDF/ ၊

တပ်ရင်း ၂ https://www.facebook.com/pdfkalaybn02/ ၊

တပ်ရင်း ၃ https://www.facebook.com/Peoples-Defence-Force-Kalay-B03-109566161708891/ ၊

တပ်ရင်း ၄ https://www.facebook.com/pdfkalaybn04/ ၊

တပ်ရင်း ၅ https://www.facebook.com/Peoples-Defence-Force-Kalay-%E1%80%90%E1%80%95%E1%80%BA%E1%80%9B%E1%80%84%E1%80%BA%E1%80%B8-%E1%81%85-107028331774052/ ၊

တပ်ရင်း ၆ ၊ https://www.facebook.com/pdfkalaybn06/ ၊

တပ်ရင်း ၇ https://www.facebook.com/Peoples-Defense-Force-Kalay-Battalion-7-107116351680016/ ၊

တပ်ရင်း ၈ https://www.facebook.com/ZomiPDF/ ၊

တပ်ရင်း ၁၂ https://m.facebook.com/Peoples-Defend-Force-Kalay-Battalion-12-109773761535334/ စသည့် တို့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား