Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီရန်ကြောင့် ကောလင်းနယ် ကျေးရွာ၁၃ရွာမှ ဒေသခံတစ်သောင်းခွဲခန့် နေရပ်စွန့်ခွာထွက်ပြေးနေရ

ကောလင်းမြို့နယ်မှ ကိုးတောင်ဘို့အပါအဝင် ကျေးရွာအများအပြားသို့ မတ်လ ၂၉ရက်ကစ၍ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာ​ခြင်းဖြစ်သည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒေသခံများ၏ နေအိမ် ပျက်စီးနေသည်ကို တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ကောလင်းနယ်သို့အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းထိုးလာ၍ ကျေးရွာ ၁၃ရွာမှ ဒေသခံပြည်သူ ၁၅,၀၀၀ခန့်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရ သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ကောလင်းမြို့နယ်မှ ကိုးတောင်ဘို့အပါအဝင် ကျေးရွာအများအပြားသို့ မတ်လ ၂၉ရက်ကစ၍ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာ​ခြင်းဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းထိုးလာသည့် မတ်လ ၂၉ရက်မှ ဧပြီ ၅ရက်အတွင်း အခြေအနေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည် Kotaungbo Revolution KTB-Rက ယနေ့(ဧပြီ ၆ရက်)သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီရန်ကြောင့် အရပ်သားပြည်သူ ၁၅,၀၀၀ခန့် ထွက်ပြေးနေရပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များက နည်းမျိုးစုံ ခုခံတိုက်ခိုက်နေရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

” ကောလင်းနဲ့ခင်ဦးနယ်အပြင် နေရာတော်တော်များများကို စစ်ခွေးတွေ တစ်ပြိုင်နက်ဝင်တာ။ ပြည်သူတွေ ပြေးနေရတယ်။ လက်နက်ကြီးတွေနဲ့ မတန်တဆပစ်တယ်။ အားလုံးဒုက္ခရောက် နေကြတာချည်းဆိုပေမယ့် စစ်ဘေးသင့်ဒေသတွေကို နိုင်သလောက်ကူကြပါအုံး”ဟု ကောလင်းနယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ကောလင်းနယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို မတ်လ ၂၉ရက်တွင် ဒေါင်းမြူးချောင်းဘေးတစ်နေရာမှစောင့်၍ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ယောကုန်းရွာ အနောက်ဘက်ဘက်တောင်ကုန်းတွင်လည်း တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။

စစ်ကောင်စီတပ် စခန်းချနေသည့် ကိုးတောင်ဘို့ရွာမအရှေ့ပိုင်းမှ ဆီပန့်ဆိုင် အဟောင်းနေရာတွင် လေးရက်ဆက်တိုက်ပွဲငယ်များဖြစ်ခဲ့ပြီး “စင်ပေါ်မှာ‌နေရာယူထားတဲ့ စနိုက်ပါခွေးတွေကို နှစ်ရက်ဆက်တိုက် ထိမှန်အောင်ပစ်ချနိုင်ခဲ့တယ်”ဟု ဟု KTB-Rက ထုတ်ပြန်သည်။သို့သော် အရေအတွက် အတိအကျမသိရသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးခဲ့ပြီးအများအပြားဒဏ်ရာရရှိခဲ့ကြောင်း KTB-Rက ထုတ်ပြန်ထားသည်။

ယနေ့ရရှိထားသည့် နောက်ဆုံးသတင်းအရ ကောလင်း- ကိုးတောင်ဘို့-ချပ်သင်းကား လမ်းပိုင်းတွင် စစ်ကောင်စီတပ်များရှိသောကြောင့် ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် ကြောင်းKTB-Rက သတိပေးထားသည်။

ကောလင်းနယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီက ခင်ဦးမြို့နယ်တွင် လည်း အရပ်သား နေအိမ်များကို အကြမ်းဖက်မီးရှို့ဖျက်ဆီးနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။