Connect with us

Hi, what are you looking for?

News

ထုံးကြီးရွာတိုက်ပွဲတွင် KLG PDF ရဲ​ဘော် ဒဿ ကျဆုံး

တိုက်ပွဲအတွင်း စစ်အုပ်စုမှ ငါးဦးသေဆုံးခဲ့ပြီး KLG PDF မှ ရဲဘော် ဝေယံစိုး(ခ)ဒဿ ကျဆုံးခဲ့ရသည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသ၊ထုံးကြီးကျေးရွာတိုက်ပွဲတွင် ရဲဘော် ဝေယံစိုး(ခ)ဒဿ ကျဆုံးခဲ့ကြောင်း KLG PDF က ယနေ့(ဧပြီ ၆ ရက်) ထုတ်ပြန်သည်။

“တိုက်ပွဲမှာ ပြန်ဆုတ်ရင်းနဲ့ ဖမ်းခံလိုက်ရတာ။ ဖြစ်ချင် တော့ လက်ထဲ ကျည်မရှိတဲ့အချိန် ဖြစ်သွားတယ်။ပြန်ခုခံစရာမရှိဘဲ အသက်ပေးလိုက်ရတယ်။မနေ့က သဂြိုလ် ပြီးစီးခဲ့တယ်”ဟု KLG တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ကျဆုံးရဲဘော် ဝေယံစိုး(ခ)ဒဿသည် KLG ၏ တိုက်ပွဲ အများစုတွင် ပါဝင်ခဲ့သူဖြစ်ပြီး စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ကိုးဦးကို ရှင်းလင်းနိုင်ခဲ့သူဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယခုလ ၄ ရက် နံနက် ၅ နာရီခန့်က တောင်တွင်းဒေသ ထုံးကြီးကျေးရွာသို့ နယ်မြေရှင်းလင်းရန်အင်အား ၅၀ခန့်ပါသည့် စစ်ကောင်စီနှင့် ပျူစောထီး အဖွဲ့ကို KLG PDF ၊ ရွေသမင်မုဆိုးPDF နှင့် ဒေသခံ(ပကဖ)အဖွဲ့များပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်အုပ်စုမှ ငါးဦးသေဆုံးခဲ့ပြီး KLG PDF မှ ရဲဘော် ဝေယံစိုး(ခ)ဒဿ ကျဆုံးခဲ့ရသည်။

ကျဆုံးသွားသော ရဲ​ဘော် ဝေယံစိုး(ခ)ဒဿ အား ကျန်ရစ်သူ မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြွေကွဲရပြီး ကျောက်လုံးကြီးKLG PDFအဖွဲ့မှ အလေးနီပြုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ကိုင်းတိုင်း မင်းကင်း၊ယင်းမာပင် နှင့် ကနီ​ဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ရှိနေသောကြောင့် ခဲယမ်း၊ကျည် လိုအပ်မှုများ ပြားနေမှုကြောင့် ပြည်သူလူထုအနေဖြင့် ကူညီပေးရန်လည်း KLG က မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။