Connect with us

Hi, what are you looking for?

News

KNU ထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိုတိုးလာနေတယ်လို့ ဆို

ကေအဲန်ယူထံ လာရောက်ပူးပေါင်း အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်အတိအကျကို ပြောလို့မရပေမယ့် အရင်ကထက်စာပါက ပိုတိုးလာနေတယ်ဆိုတာ သေချာပြီး ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်ဆုံးလာရောက်ပူးပေါင်းဖို့ ပဒိုစောတောနီးက ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ အလင်းဝင်ဘက်ပြောင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေဟာ အရင်ကထက်ပိုမိုများလာပြီး ဒီလိုအလင်းဝင်ဘက်ပြောင်းလာတဲ့အပေါ် ဝမ်းပန်းတသာနဲ့ကြိုဆိုတယ်လို့ ကေအဲန်ယူပြောရေးဆိုခွင့်သူ ပဒိုစောတောနီးက ဆိုပါတယ်။

ကေအဲန်ယူထံ လာရောက်ပူးပေါင်း အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်အတိအကျကို ပြောလို့မရပေမယ့် အရင်ကထက်စာပါက ပိုတိုးလာနေတယ်ဆိုတာ သေချာပြီး ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်ဆုံးလာရောက်ပူးပေါင်းဖို့ ပဒိုစောတောနီးက ဆိုပါတယ်။

“ကျနော်တို့ဆီမှာ အဖမ်းခံရတာပြောပြော လက်နက်ချတာပဲပြောပြော ဒီလူတွေရှိသလို ဒီလိုမျိုး သူ့ဘာသာသူ ကူးပြောင်းလာတဲ့လူကလည်း ရှိနေတာပဲလေ။ အရေအတွက်ကတော့ အရင်ကထက်လုံး၀မတူတော့ဘူး။ ခပ်စိတ်စိတ်လေး ခပ်စိတ်စိတ်လေး တိုးလာနေတာကတော့ သေချာတယ်လေ”လို့ ပဒိုစောတောနီးက ဆိုပါတယ်။

လက်ရှိအချိန်အခါမှာ စစ်ကောင်စီကို တကမ္ဘာလုံးက ဝိုင်ဝန်းဖယ်ကျဉ်ထားပြီး ပြည်သူလူထုတစ်ရပ်လုံးကလည်း ခါးခါးသီးသီး လက်မခံတဲ့အနေအထားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်အတွင်းမှာဆက်လက်နေထိုင်မယ်ဆိုပါက သမိုင်းကြောင်းကောင်းမွန်မှာမဟုတ်ပဲ ကေအဲန်ယူထံ အမြန်ဆုံးလာရောက်ပူးပေါင်းဖို့က သိပ်အရေးကြီးတယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီရဲ့သွားရာလမ်းကိုတော့ အားလုံးလည်းသိတယ်။ တကမ္ဘာလုံးကလည်းဝိုင်းကျဉ်ထားတယ်။ အဆင့်မြင့်အရာရှိပဲဖြစ်ဖြစ် လက်အောက်ငယ်သားတွေဖြစ်ဖြစ်နော်။ ဒီလိုအခြေအနေမျိုးမှာ ကျနော်တို့နဲ့အမြန်ဆုံး ပူးပေါင်းလာမယ်ဆိုရင်တော့ ဒါပိုပြီးတော့ကောင်းပါတယ်။ အဲ့ဒါမှလည်း ကျနော်တို့ရှေ့ဆက်သွားရမယ့်ခရီးလမ်းက ပိုပြီးတော့ဖြောင့်ဖြူးမှာဖြစ်သလို သွားရမယ့်ခရီးလမ်း ပိုပြီးတော့အချိန်မကြာတော့ဘူးဆိုတာ ကျနော်တို့ပြောလို့ရတယ်လေ။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့နဲ့အခွင့်သာရင်သာသလို ပူးပေါင်းဖို့က သိပ်အရေးကြီးပါတယ်” လို့ ပဒိုစောတောနီးက ပြောပါတယ်။

ဧပြီ ၂ ရက်က ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေထဲမှာ စစ်ကြောင်းဝင်ရောက်လှု့ပ်ရှားနေတဲ့ စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးနဲ့ တပ်သားတစ်ဦးတို့ဟာ လက်နက်တွေနဲ့အတူ KNLA တပ်မဟာ ၆ ပူးပေါင်းအဖွဲ့တွေထံ လာရောက်ပူးပေါင်းတာတွေရှိနေသလို ဖာပွန်ခရိုင်မှာလည်း KNLA တပ်မဟာ ၅ ထံ လက်နက်ချက်အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေဟာလည်း ၆၀ ဝန်းကျင်ခန့်ရှိနေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကေအဲန်ယူနဲ့ ပူးပေါင်းအဖွဲ့တွေကို ပြန်လည်ထောက်လှမ်းတာတွေ ပြုလုပ်လာနိုင်မှာကို ပြည်သူတွေက စိုးရိမ်မှုတာတွေရှိနေကြပြီး ဒီလိုစိုးရိမ်မှုတွေဖြစ်နေတဲ့အပေါ်မှာ နားလည်ကာ ကေအဲန်ယူအနေနဲ့ လုပ်ငန်းသဘောအရ ဒီလိုကိစ္စတွေမှာ ကိုင်တွယ်ရမယ့်လုပ်ထုံးလုပ်နည်းတွေရှိပြီး သတိရှိရှိ တော်လှန်ရေးသတိနဲ့ အမြဲတမ်းလုပ်နေတယ်လို့ ပဒိုစောတောနီးက ဆက်ပြောပါတယ်။

ဒီလို ကေအဲန်ယူထံ လာရောက်ပူးပေါင်းပြီး အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကေအဲန်ယူရဲ့ခိုင်မာတဲ့မူဝါဒအတိုင်း ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားတယ်လို့ ကေအဲန်ယူပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။