Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်းစစ်တပ်ကို ပိုမိုထိရောက်စွာအရေးယူနိုင်မည့် BURMA Act ကန်အောက်လွှတ်တော်ပြဌာန်းအတည်ပြု

ဆက်လက်ပြီး “သူတို့ရဲ့လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ရတဲ့အပေါ် ကျွန်တော် ဂုဏ်ယူပါတယ်” ဟု အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီဥက္ကဌက ပြောသည်။

အ​မေရိကား​ရောက်မြန်မာများ စစ်တပ်အာဏာသိမ်းမှုအ​ပေါ် ကန့်ကွက်ဆန္ဒပြ​နေသည်ကို ၂၀၂၁​ဖေ​ဖော်ဝါရီက ​တွေ့ရစဥ် ၊ ဓာတ်ပုံ - ko ko lay/FB

▪️အထက်လွှတ်တော်ကလည်း ဆက်လက်အတည် ပြုဖွယ်ရှိပြီး သမ္မတဘိုင်ဒန်လက်မှတ်ထိုးပြီးပါက ဥပဒေ စတင်အသက်ဝင်မည်ဖြစ်

မြန်မာအာဏာသိမ်းစစ်တပ်ကို ပိုမိုထိရောက်စွာအရေးယူနိုင်မည့် BURMA Act ဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော်က ဧပြီ ၆ ရက်တွင် အတည်ပြုလိုက်ကြောင်း အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဌ ဂျော့မိုက်စ်က ထုတ်ပြန်သည်။

‘Burma Unified Through Rigorous Military Accountability Act of 2021’ အမည်ရ BURMA Act ကို အောက်လွှတ်တော်၏ အတည်ပြုချက်ရရှိပြီးနောက် မကြာမီတွင် အထက်လွှတ်တော်၏ အတည်ပြုချက်ကို ရရှိကာ အမေရိကန်သမ္မတ ဘိုင်ဒန် လက်မှတ်ရေးထိုး အတည်ပြုမည့် ဥပဒေတစ်ရပ်အဖြစ် မြင်တွေ့ရမည်ဟု အမေရိကန်ရောက်​ မြန်မာ့အရေးလှုပ်ရှားသူများနှင့် လေ့လာသူ အချို့က သုံးသပ်သည်။

“ဒီနေ့အတည်ပြုလိုက်တဲ့ BURMA Act က မြန်မာစစ်တပ်အနေနဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ လူမဆန်စွာ တရားမဝင် အာဏာသိမ်းမှုအတွက် တာဝန်ခံမှုရှိရလိမ့်မယ်ဆိုတဲ့ ရှင်းလင်းတဲ့ သတင်းစကားပါးလိုက်တာပါ။ နောက်ပြီး မြန်မာစစ်တပ်ဟာ လူပေါင်း သန်း တစ်ဝက်နီးပါး ထွက်ပြေးတိမ်းရှောင်စေခဲ့ပြီး အသက်ပေါင်း ၁၇၀၀ ကျော် ဆုံးရှုံးစေခဲ့တဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးရက်စက်ယုတ်မာမှုတွေရဲ့ နောက်ဆက်တွဲကိုလည်း တာဝန်ခံရမှာပါ” ဟု ဂျော့မိုက်စ်က ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး “သူတို့ရဲ့လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ရတဲ့အပေါ် ကျွန်တော် ဂုဏ်ယူပါတယ်” ဟု အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီဥက္ကဌက ပြောသည်။

အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့သော BURMA Act တွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကို ထောက်ခံသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူရေး၊ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့ရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ မြန်မာ့အရေးဖြေရှင်းရေး အထူးကိုယ်စားလှယ်ခန့်အပ်ရေး အချက်များပါဝင်သည်။

ထို့အပြင် ယင်းဥပဒေ၌ ဒီမိုကရေစီရရှိရေး ကြိုးပမ်းနေသော အင်အားစုများ၊ အရပ်ဘက် ခေါင်းဆောင်များ၊ လွတ်လပ်သည့် သတင်းမီဒီယာအဖွဲ့များ၊ CDM ပါဝင်သူများအတွက် ဒီမိုကရေစီထောက်ပံ့ငွေ ဒေါ်လာ သန်း ၅၀ ကို ၂၀၂၃ မှ ၂၀၂၇ ဘဏ္ဍာနှစ်အထိ ခွင့်ပြုပေးရန် စသည့်အချက်များလည်း ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

​ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာ အ​ရေးယူ ဒဏ်ခတ်မှု​တွေ​ရှောင်ရှားနိုင်ဖို့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာမှ ​ဒေဝါလီ ခံထားတာဖြစ်​ပေမယ့် အ​မေရီကန် အစိုးရရဲ့ အ​ရေးယူပိတ်ဆို့မှုကို မ​ရှောင်လွဲနိုင်ခဲ့ပါဘူး။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများဖြင့် စိစစ်ဆောင်ရွက်ပြီးစီးခဲ့ပြီးဟုလည်း ဆိုသည်။

သတင်း

လွတ်မြောက်နေသူမှာဗိုလ်ဇာနည်မောင်ဖြစ်ပြီး ဖမ်းဆီးရမိနိုင်ရေး ရှာဖွေနေကြောင်းလည်း IEC က အသိပေးသည်။

သတင်း

နိုဝင်ဘာ ၁၉ ရက်အထိ စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် လွိုင်ကော်မြို့ရှိ အရပ်သား ၆၈ ဦးအထိ သေဆုံးထားကြောင်းလည်း ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(KHAI)က ထုတ်ပြန်ထားသည်။