Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီခန့်ဗဟိုဘဏ်ဒုဥက္ကဌ အိမ်တွင်​သေနတ်ဖြင့်ပစ်ခံရ

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုဏ်ရိပ်မွန်အိမ်ရာရှိ နေအိမ်တွင် ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေဆုံးခြင်းရှိမရှိကိုမူမသိရ​သေး​​ပေ။

အာဏာသိမ်းစစ်ကောင်စီခန့် ဗဟိုဘဏ်ဒုတိယဥက္ကဌ ဒေါ်သန်းသန်းဆွေ နေအိမ်တွင် ယ​နေ့နံနက်ပိုင်းက​သေနတ်ဖြင့်ပစ်ခတ်ခံလိုက်ရကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုဏ်ရိပ်မွန်အိမ်ရာရှိ နေအိမ်တွင် ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေဆုံးခြင်းရှိမရှိကိုမူမသိရ​သေး​​ပေ။

ဒေါ်သန်းသန်း​ဆွေကို မည်သူက၊မည်သည့်အဖွဲ့အစည်းကပစ်ခတ်လုပ်ကြံသည်ကို ယခုအချိန်အထိ့မည်သူကမျှ ထုတ်ပြန်ခြင်းမရှိဘဲ မည့်သူက ပစ်ခတ်သည်ကိုလည်းမသိရှိရ​ပေ။

ဒေါ်သန်းသန်းဆွေသည် အကြမ်းဖက်စစ်ကောင်စီခန့်အပ်ထားသည့် ပြည်ထောင်စုအဆင့် ရာထူးအကြီးပိုင်းပုဂ္ဂိုလ်များတွင် ပထမဦးဆုံး သေနတ်ဖြင့်ပစ်ခံရသူဖြစ်လာသည်။

Public Service Announcement

Public Service Announcement

ဒေါ်သန်းသန်းဆွေသည် ဗဟိုဘဏ်တွင် ပြည်တွင်းဘဏ်များကို ကိုင်တွယ်ရသည့် ဒုတိယဥက္ကဌတစ်ဦးဖြစ်ပြီး ဘဏ်များရှိ အများပြည်သူငွေများကို ကန့်သတ်ခြင်း၊ CDMဘဏ်ဝန်ထမ်းများကို အရေးယူရန် ဖိအားပေး စသည့်တို့ကို ဦး​ဆောင်ပြုလုပ်ခဲ့သူတစ်ဦး ဖြစ်သည်ဟု ဘဏ်အသိုင်းအဝိုင်းမှသိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုကြီးနဲ့ ကြုံတွေ့အပြီးမှာတော့ တစ်နိုင်ငံလုံးက ကျောင်းတွေမှာ လုံခြုံရေး စံနှုန်းတွေ တင်းကျပ်ဖို့အတွက် မူကြမ်းအဆင့် အစီအမံသစ် ၇ ခုကို ထိုင်းအစိုးရက ညှိနှိုင်း သဘောတူခဲ့ပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်း ပစ်ခတ်မှုကို အကြောင်းပြုပြီး ထိုင်းအစိုးရဟာ ပြည်တွင်းမှာ သေနတ် ကိုင်ဆောင်ခွင့် လိုင်စင် ထုတ်ပေးမှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က စိန့်ဂေဘရီရယ် ကောလိပ်မှာ ကျောင်းသား တစ်ဦးက သေနတ်ပြ ခြိမ်းခြောက်မှု ဖြစ်ပွားအပြီး လုံခြုံရေး တင်းကျပ်လိုက်သလို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

မြို့တော် အန်ကာရာမှာ NATO စစ်မဟာမိတ်အဖွဲ့ ညီလာခံ လာတက်တဲ့ နိုင်ငံခေါင်းဆောင် အသီးသီးကို တူရကီ အစိုးရက ပစ္စတို သေနတ်တွေ လက်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

Facebook