Connect with us

Hi, what are you looking for?

News

ကိုဗစ်ကာကွယ်ဆေး အဓမ္မထိုးရန်ပြင်ဆင်နေသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၍ အရာရှိနှစ်ဦးသေ

အကြမ်းဖက်စစ်ကောင်စီတပ်က ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် အတင်းအဓမ္မပြုလုပ်နေသော်လည်း ပြည်သူများမလာသဖြင့် မိုင်းဆွဲ တိုက်ခိုက်မှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ရဲဘော်အနောက ရှင်းပြသည်။

(ယနေ့ ဖြစ်စဥ်တွင် အသုံးပြုခဲ့သည်ဆိုသော မိုင်းအားဘ​တွေ့ရစဥ်)

ကိုဗစ်ကာကွယ်ဆေး အဓမ္မထိုးရန် ပြင်ဆင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီအရာရှိ နှစ်ဦးသေဆုံးပြီး Non CDM ဝန်ထမ်းအချို့ ဒဏ်ရာရရှိခဲ့ကြောင်း တန့်ဆည်ဖီးနစ်(Phoenix Defence Force – Taze)က ထုတ်ပြန် သည်။

ယနေ့(ဧပြီ ၈ ရက်) နံနက် ၉နာရီခန့်တွင် တန့်ဆည်မြို့ပေါ် ရွှေဥယျာဥ် တည်ခိုခန်းအနီးတွင် မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည်ဖီးနစ်၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော် အနောက ​ပြောသည်။

“မိုင်းဇုန်ထဲမှာ အနီးတုံးဖြစ်တဲ့ သုံးပွင့်အရာရှိစခတစ်ကောင်နဲ့ သုံးပွင့်အရာရှိ ရခတစ်ကောင် သေတယ်။ထွေအုပ်က ကောင်က လက်ပြတ်သွားတယ်”ဟု ၎င်းက People’s Springသို့ ပြောသည်။

ထို့အပြင် ဆေးထိုးရန် ပြင်ဆင်နေသည့် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနမှ Non CDM ဝန်ထမ်းတစ်ဦးမှာလည်း လက်ထိခိုက်သွားပြီး အခြားဝန်ထမ်းနှစ်ဦးထက်မနည်း ဒဏ်ရာရရှိသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်က ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် အတင်းအဓမ္မပြုလုပ်နေသော်လည်း ပြည်သူများမလာသဖြင့် မိုင်းဆွဲ တိုက်ခိုက်မှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ရဲဘော်အနောက ရှင်းပြသည်။

လက်ရှိတွင် တန့်ဆည်မြို့ပေါ်၌ အကြမ်းဖက်စစ်တပ်မှ စစ်ဆေးမှုများတင်းကြပ်စွာဆောင် ရွက်နေသည့်အတွက် ပြည်သူများသတိပြုနေထိုင်ရန် တန့်ဆည်ဖီးနစ်က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။