Connect with us

Hi, what are you looking for?

LuduNwayOo

News

ကိုဗစ်ကာကွယ်ဆေး အဓမ္မထိုးရန်ပြင်ဆင်နေသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၍ အရာရှိနှစ်ဦးသေ

အကြမ်းဖက်စစ်ကောင်စီတပ်က ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် အတင်းအဓမ္မပြုလုပ်နေသော်လည်း ပြည်သူများမလာသဖြင့် မိုင်းဆွဲ တိုက်ခိုက်မှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ရဲဘော်အနောက ရှင်းပြသည်။

(ယနေ့ ဖြစ်စဥ်တွင် အသုံးပြုခဲ့သည်ဆိုသော မိုင်းအားဘ​တွေ့ရစဥ်)

ကိုဗစ်ကာကွယ်ဆေး အဓမ္မထိုးရန် ပြင်ဆင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီအရာရှိ နှစ်ဦးသေဆုံးပြီး Non CDM ဝန်ထမ်းအချို့ ဒဏ်ရာရရှိခဲ့ကြောင်း တန့်ဆည်ဖီးနစ်(Phoenix Defence Force – Taze)က ထုတ်ပြန် သည်။

ယနေ့(ဧပြီ ၈ ရက်) နံနက် ၉နာရီခန့်တွင် တန့်ဆည်မြို့ပေါ် ရွှေဥယျာဥ် တည်ခိုခန်းအနီးတွင် မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည်ဖီးနစ်၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော် အနောက ​ပြောသည်။

“မိုင်းဇုန်ထဲမှာ အနီးတုံးဖြစ်တဲ့ သုံးပွင့်အရာရှိစခတစ်ကောင်နဲ့ သုံးပွင့်အရာရှိ ရခတစ်ကောင် သေတယ်။ထွေအုပ်က ကောင်က လက်ပြတ်သွားတယ်”ဟု ၎င်းက People’s Springသို့ ပြောသည်။

ထို့အပြင် ဆေးထိုးရန် ပြင်ဆင်နေသည့် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနမှ Non CDM ဝန်ထမ်းတစ်ဦးမှာလည်း လက်ထိခိုက်သွားပြီး အခြားဝန်ထမ်းနှစ်ဦးထက်မနည်း ဒဏ်ရာရရှိသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်က ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် အတင်းအဓမ္မပြုလုပ်နေသော်လည်း ပြည်သူများမလာသဖြင့် မိုင်းဆွဲ တိုက်ခိုက်မှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း ရဲဘော်အနောက ရှင်းပြသည်။

လက်ရှိတွင် တန့်ဆည်မြို့ပေါ်၌ အကြမ်းဖက်စစ်တပ်မှ စစ်ဆေးမှုများတင်းကြပ်စွာဆောင် ရွက်နေသည့်အတွက် ပြည်သူများသတိပြုနေထိုင်ရန် တန့်ဆည်ဖီးနစ်က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။