Connect with us

Hi, what are you looking for?

News

ဒေါ်လာထိန်းချုပ်ခြင်း နိုင်ငံ့စီးပွား​ရေးထိခိုက်ပြီး နိုင်ငံသားများ၏ လူ​နေမှုအဆင့်အတန်းနိမ့်ကျ​စေလိမ့်မည်ဟုသုံးသပ်

စစ်ကောင်စီက နိုင်ငံခြားငွေ ထိန်းချုပ်မူသည် မြန်မာလူမျိုးများ၏ လူနေမှုအဆင့်အတန်းကိုနိမ့်ကျစေခြင်း၊ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများကို ရပ်တန့်စေခြင်း၊ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) စီးဆင်းမှုကို ရပ်တန့်စေပြီး အခြားနိုင်ငံများနှင့် ကုန်သွယ်မှု တင်းမာမှုများ ဖြစ်ပေါ်စေသည်ဟုလည်း​ဖော်ပြထားသည်။

စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားသုံးငွေများကို ထိန်းချုပ်လိုက်ခြင်းသည် မြန်မာနိုင်ငံကို ကမ္ဘာ့စီးပွားရေးနှင့် ကမ္ဘာ့ဘဏ္ဍာရေးစနစ်တို့မှပြတ်တောက်စေပြီး အခြားနိုင်ငံများနှင့် ကုန်သွယ်ရေးတင်းမာမှုဖြစ်နိုင်သည်ဟု မြန်မာနိုင်ငံတွင်လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင်အဖွဲ့အစည်း ၁၁ ခုက ယနေ့ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ပြည်တွင်းသို့ဝင်ရောက်လာမည့် နိုင်ငံခြားငွေများကို အလုပ်လုပ်ရက်တစ်ရက်အတွင်း တစ်ဒေါ်လာကို ၁၈၅၀ကျပ်နှုန်းဖြင့်မဖြစ်မ​နေရောင်းချရမည်ဟု ကန့်သတ်အချက်အပေါ် နိုင်ငံတကာမှလုပ်ငန်းရှင်အဖွဲ့အစည်း၁၁ ခုက ယခုလို ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီက နိုင်ငံခြားငွေ ထိန်းချုပ်မူသည် မြန်မာလူမျိုးများ၏ လူနေမှုအဆင့်အတန်းကိုနိမ့်ကျစေခြင်း၊ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများကို ရပ်တန့်စေခြင်း၊ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) စီးဆင်းမှုကို ရပ်တန့်စေပြီး အခြားနိုင်ငံများနှင့် ကုန်သွယ်မှု တင်းမာမှုများ ဖြစ်ပေါ်စေသည်ဟုလည်း​ဖော်ပြထားသည်။

စစ်ကောင်စီက ထုတ်ပြန်ချက်တွင်ရေးထားသည့် အတိုင်း နိုင်ငံခြားငွေကို ထိန်းချုပ်မည်ဆိုပါက မြန်မာနိုင်ငံသည် ကမ္ဘာ့ စီးပွားရေးနှင့် ဘဏ္ဍာရေးစနစ်တို့မှ အဆက်အသွယ်ပြတ်သွားမည်ဟုလည်းသုံးသပ်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ကန့်သတ်ချက်များကို အကောင်အထည်ဖော်ခြင်း သို့မဟုတ် ရင်းနှီးမြှပ်နှံမူလုပ်ငန်းများကို ကင်းလွတ်ခွင့်မပေးပါက မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းအားလုံးအတွက် မကျော်လွှားနိုင်သော စိန်ခေါ်မှုမျာကြုံတွေ့ရမည်ဟုလည်းဆက်လက်​ဖော်ပြထားသည်။

ထိုထုတ်ပြန်ချက်ကို ထုတ်ပြန်သည့် ကုန်သည်များအသင်း ၉ခုမှာ မြန်မာနိုင်ငံရှိ အမေရိကန် ကုန်သည်ကြီးများအသင်း၊အာရှပစိဖိတ် မွေးကင်းစကလေးငယ်နှင့် လူငယ်အာဟာရအဖွဲ့ ၊မြန်မာနိုင်ငံရှိ သြစတြေးလျ ကုန်သည်ကြီးများအသင်း၊မြန်မာနိုင်ငံရှိ ဗြိတိသျှ ကုန်သည်ကြီးများအသင်း၊ မြန်မာနိုင်ငံရှိ ပြင်သစ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ၊ မြန်မာနိုင်ငံရှိ ဥရောပကုန်သည်ကြီးများအသင်း၊ ဂျာမဏီ-မြန်မာကုန်သည်ကြီးများအသင်း၊ အီတလီ မြန်မာကုန်သည်များအသင်း၊ဂျပန်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊နယူးဇီလန်မြန်မာ ကုန်သည်ကြီးများအသင်း နှင့်မြန်မာနိုင်ငံရှိအမေရိကန်အိုင်စီတီကောင်စီတို့ဖြစ်သည်။

ထုတ်ပြန်ချက်တွင် နိုင်ငံတကာစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများသည် လုပ်ငန်းများဆောင်ရွက်ရန်အတွက်ကမ္ဘာလုံးဆိုင်ရာလက်ခံထားသောငွေကြေးများ အထူးသဖြင့် အမေရိကန် ဒေါ်လာကို အသုံးပြုကြခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ မြန်မာနိုင်ငံတွင် ကုန်သွယ်မှု၊ အစုရှယ်ယာရင်းနှီးမြုပ်နှံမှု၊ လုပ်ငန်းလည်ပတ်ရေးဘဏ္ဍာငွေထောက်ပံ့မှုနှင့် ကုန်ပစ္စည်းဝယ်ယူရောင်းချခြင်းတို့ကို လုပ်ဆောင်ရန် နိုင်ငံခြားငွေအသုံးပြုမှုကို ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုသည်ဟုဆိုသည်။ နိုင်ငံခြားငွေအသုံးပြုမှသာ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်ကို ချိန်ဆက်နိုင်မည်ဟု​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း စက်သုံးဆီတစ်လီတာကျပ်၁၀၀ကျော်စျေးခုန်တက်ပြီးရွှေစျေးလည်းတစ်ကျပ်သား သိန်း ၈၀ ကျော်နေဆဲဖြစ်သည်။

သတင်း

ပြည်တွင်း ရွှေ နှင့် ဒေါ်လာ စျေးဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာကြောင်း သတင်းရရှိသည်။