Connect with us

Hi, what are you looking for?

News

ကလေးမြို့ရှိ ကင်းစခန်းနှစ်ခုကိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေ ဟု PDF ပြော

ယမန်နေ့(ဧပြီ ၇ ရက်)ကလည်း ကလေးမြို့ တာဟန်းပင်မသပိတ်ခံတပ် ဖြိုခွင်းခံရခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်မူနှစ်ကြိမ်ပြု လုပ်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေ ဆုံးကြောင်း PDF ကလေးက ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ကလေးမြို့ရှိ စစ်ကောင်စီကင်းစခန်းနှစ်ခုကို တိုက်ခိုက်ရာနှစ်ဦး သေဆုံးပြီး စစ်ကားတစ်စီးလည်း မိုင်းထိ၍ အများအပြားသေဆုံးနိုင်ကြောင်း PDF ကလေး က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၈ ရက်) ညနေ ၅နာရီခွဲခန့်က ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီး- ဝယ်စလီဆေးရုံလမ်းထောင့်ရှိ စစ်ကောင်စီကင်းစခန်းနှင့် ဗိုလ်ချုပ်လမ်းမကြီး -နေကြာတိုက် လမ်းထောင့်ရှိ ကင်းစခန်းတို့ကို မိနစ်ပိုင်းခန့် ရုတ်တရက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ထို့နောက် မိနစ်၃၀ခန့်အကြာတွင် စစ်ကောင်စီတပ်ကားတစ်စီးသည် ဗိုလ်ချုပ် လမ်းမကြီးအတိုင်း ကလေးမြို့ဘက်မှ တာဟန်းဘက်သို့ မောင်းနှင်လာစဉ် တာဟန်းရပ်ကွက် ကမ္ဘောဇဘဏ် (၂) ရှေ့ရှိ တံတားပေါ်အရောက်၌ အသင့်တပ်ဆင်ထားသော မိုင်း ၆လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF ကလေးက အသိပေးသည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ကားမှာ ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား အများအပြား ထိမှန်သေဆုံးသွားနိုင်ဖွယ်ရာရှိသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(ဧပြီ ၇ ရက်)ကလည်း ကလေးမြို့ တာဟန်းပင်မသပိတ်ခံတပ် ဖြိုခွင်းခံရခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်မူနှစ်ကြိမ်ပြု လုပ်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေ ဆုံးကြောင်း PDF ကလေးက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။