Connect with us

Hi, what are you looking for?

LuduNwayOo

News

ကလေးမြို့ရှိ ကင်းစခန်းနှစ်ခုကိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေ ဟု PDF ပြော

ယမန်နေ့(ဧပြီ ၇ ရက်)ကလည်း ကလေးမြို့ တာဟန်းပင်မသပိတ်ခံတပ် ဖြိုခွင်းခံရခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်မူနှစ်ကြိမ်ပြု လုပ်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေ ဆုံးကြောင်း PDF ကလေးက ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ကလေးမြို့ရှိ စစ်ကောင်စီကင်းစခန်းနှစ်ခုကို တိုက်ခိုက်ရာနှစ်ဦး သေဆုံးပြီး စစ်ကားတစ်စီးလည်း မိုင်းထိ၍ အများအပြားသေဆုံးနိုင်ကြောင်း PDF ကလေး က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၈ ရက်) ညနေ ၅နာရီခွဲခန့်က ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီး- ဝယ်စလီဆေးရုံလမ်းထောင့်ရှိ စစ်ကောင်စီကင်းစခန်းနှင့် ဗိုလ်ချုပ်လမ်းမကြီး -နေကြာတိုက် လမ်းထောင့်ရှိ ကင်းစခန်းတို့ကို မိနစ်ပိုင်းခန့် ရုတ်တရက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ထို့နောက် မိနစ်၃၀ခန့်အကြာတွင် စစ်ကောင်စီတပ်ကားတစ်စီးသည် ဗိုလ်ချုပ် လမ်းမကြီးအတိုင်း ကလေးမြို့ဘက်မှ တာဟန်းဘက်သို့ မောင်းနှင်လာစဉ် တာဟန်းရပ်ကွက် ကမ္ဘောဇဘဏ် (၂) ရှေ့ရှိ တံတားပေါ်အရောက်၌ အသင့်တပ်ဆင်ထားသော မိုင်း ၆လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF ကလေးက အသိပေးသည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ကားမှာ ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား အများအပြား ထိမှန်သေဆုံးသွားနိုင်ဖွယ်ရာရှိသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(ဧပြီ ၇ ရက်)ကလည်း ကလေးမြို့ တာဟန်းပင်မသပိတ်ခံတပ် ဖြိုခွင်းခံရခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်မူနှစ်ကြိမ်ပြု လုပ်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေ ဆုံးကြောင်း PDF ကလေးက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။