Connect with us

Hi, what are you looking for?

News

မန္တလေးမှာ ပစ်ခတ်ဖမ်းဆီးတာတွေ စစ်ကောင်စီ ပြန်လုပ်လာ

ဒီနေ့မနက်ပိုင်းကလည်း ၆၅လမ်း၊ ၂၇လမ်းနဲ့ ၂၈လမ်းကြားမှာ အမျိုးသားနဲ့ အမျိုးသမီးကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

People's Spring
People's Spring

မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရဲ့ လုံခြုံရေးကင်းတွေ ပစ်ခတ်တိုက်ခိုက်ခံရတာ ခပ်စိတ်စိတ်ဖြစ်လာပြီးနောက် ဒီရက်ပိုင်းပိုင်းမှာ လူငယ်တွေကို စစ်အုပ်စုက ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်နေပါတယ်။

ဒီနေ့ မွန်းလွဲပိုင်းက မဟာအောင်မြေမြို့နယ် ၊ ၆၈ လမ်းနဲ့ လမ်း ၄၀ မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၂ ဦးကို အိမ်စီးကားနဲ့ လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

အဲဒီဖြစ်စဉ်မှာ ဆိုင်ကယ်ပေါ်က လူငယ် တစ်ဦး သေနတ်ဒဏ်ရာရသွားပါတယ်။

ဒီနေ့မနက်ပိုင်းကလည်း ၆၅လမ်း၊ ၂၇လမ်းနဲ့ ၂၈လမ်းကြားမှာ အမျိုးသားနဲ့ အမျိုးသမီးကို သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မန္တလေးမြို့ထဲမှာလည်း ကင်းပုန်းဝပ်နေကြပါတယ်။

အထူးသဖြင့် သင်္ကြန်ပြုလုပ်မယ့် စည်ပင်မဏ္ဍပ်ရှိရာ ကျုံးတောင်ဘက်ခြမ်းနဲ့ ကျုံးအရှေ့ဘက်ခြမ်းတို့ကို သွားလာခွင့်မပြုဘဲ ကင်းပုန်းများချထားတာ တယ်လို့သိရပါတယ်။

ဒါအပြင် မြို့ထဲပိုင်းမှာလည်း အရပ်ဝတ်နဲ့ သေနတ်ကိုင်ဆောင်ကာ ကင်းလှည့်တာတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။