Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်ထိုးစစ်ကြောင့် ဖမ်းမိထားသည့် ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီဖွဲ့ဝင် ခုနစ်ဦးသေဆုံးသွားဟု ပေါက် PDF ထုတ်ပြန်

စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးနှင့်အတူ MA-3 ခုနစ်လတ်၊ ကျည် ၇၀၀ခန့်၊ ဖုန်း ၁၀လုံးတို့ကို သိမ်း ဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

▪️ဖမ်းမိထားသည့် လက်နက်ခဲယမ်းကုန်ကြမ်းတင်ကား သုံးစီးအနက်နှစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ပြီး ဘီးပေါက်ကျန်နေသည့်ကားတစ်စီးကို စစ်ကောင်စီတပ်ပြန်သယ်သွား

အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်စဉ်လာချိန် ဖမ်းမိထားသည့် ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးခဲ့ရာ ခုနစ်ဦးလုံး သေဆုံးသွားကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ဧပြီ ၆ရက် နေ့လယ်ပိုင်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးကို လက်နက် ခုနစ်လက်၊ ကုန်တင်ယာဉ် သုံးစီးနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးရာတွင် JUSTICE RANGER အဖွဲ့မှ တပ်သား ငါးဦးသည် လက်လုပ်ခါးချိုးသေနတ်နှစ်လက်ဖြင့် စတင်ဖမ်းဆီးခဲ့ပြီးနောက် ညီနောင် မဟာမိတ်အဖွဲ့များမှ အချိန်နှင့်တပြေးညီ ရောက်ရှိကူညီခဲ့ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ – ​ပေါက် PDF

စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးနှင့်အတူ MA-3 ခုနစ်လတ်၊ ကျည် ၇၀၀ခန့်၊ ဖုန်း ၁၀လုံးတို့ကို သိမ်း ဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဖမ်းဆီးရမိသော စစ်ကောင်စီ တပ်သားခုနစ်ဦးကို မဟာမိတ်ညီနောင်များ၏စခန်း၌ ထိန်းသိမ်းထားရာ စစ်ကြောင်းထိုးလာချိန်တွင် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားကြောင်း အသိပေးထားသည်။

ဓာတ်ပုံ – ​ပေါက် PDF

ဖမ်းဆီးရမိခဲ့သော ကား သုံးစီးအနက်မှ Aluminium Round Comps တင်ဆောင်သော ၂၂ဘီးကားတစ်စီးနှင့် Ferrous (mortar shell)တင်ဆောင်သော ၂၂ဘီးကားတစ်စီးတို့ကို ပေါက်မြို့နယ်နှင့်ဝေးကွာသော လွတ်မြောက်နယ်မြေသို့ မဟာမိတ်ညီနောင်များ၏ အကူအညီဖြင့် နေရာတခုတွင် မီးရှို့ဖျက်စီးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

Ferrous (Scrap & cutting )တင်ဆောင်သော ၂၂ဘီးကားတစ်စီးမှာ ပေါက်-ဆိပ်ဖြူလမ်းဘေးတွင် ဘီးပေါက်သွားသဖြင့် အနီးနားတစ်နေရာသို့သိမ်း ဆည်းထားခဲ့ကြောင်း၊ သို့သော် ထိုကားကို ဧပြီ ၇ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က တွေ့ရှိကာ ကပဆ ၂၂ ရွှေဘိုကျွန်းသို့ သယ်ဆောင်သွားကြောင်းပေါက် PDFက ထုတ်ပြန်သည်။

ဓာတ်ပုံ – ​ပေါက် PDF

စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့ အဖွဲ့ဝင် ၇ဦးနှင့် ကားသုံးစီးဖမ်းဆီးခံရပြီးနောက် ပေါက်မြို့နယ် ရှိ ကျေးရွာများသို့ စစ်ကြောင်းသုံးကြောင်းဖြင့် မြေပြင်မှ ထိုးစစ်ဆင်ခြင်းအပြင် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှုများ၊ လှည့်ပတ်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုကြောင့် ပြည်သူအချို့ သေဆုံးခဲ့ပြီး ကျေးရွာ သုံးရွာထက်မနည်း မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။