Connect with us

Hi, what are you looking for?

News

က​လေးမြို့​တောင်ပိုင်း မှန်​တောရွာတိုက်ပွဲ CDF ရဲ​ဘော်နှစ်ဦးကျဆုံး

ကလေးမြို့ တာဟန်းသပိတ် ဒုတိယအကြိမ် အကြမ်းဖက်ဖြိုခွဲခံရသည့် နှစ်ပတ်လည်နေ့ ဧပြီ၇ ရက်မှ စတင်ပြီး ကလေးမြို့တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း မှန်တော​ကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ် ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ပြီးနောက် ကလေး-ကဘော်-ဂန့်ဂေါအခြစိုက် CDFတပ်မှ တပ်သားနှစ်ဦးကျဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ကလေး-ကဘော်-ဂန့်ဂေါအခြေစိုက် ချင်းပြည်ကာကွယ် ရေးတပ်(CDF-KKG)၊ တပ်ရင်း- ၄မှ ရဲဘော် နှစ်ဦးသည် ဧပြီ ၉ရက်က မှန်တောရွာတိုက်ပွဲတွင် ဂုဏ်ရောင်ထွန်း ပြောင်စွာ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့က ဧပြီ ၁၀ရက်တွင် ထုတ်ပြန်သည်။

ကျဆုံးသွားသည့် ရဲဘော်နှစ်ဦးမှာ CDF-KKG တပ်ဖွဲ့ဝင် ရဲဘော်ယောဟန်လင်းနှင့် ရဲဘော်ကျော်မင်းသိန်းတို့ဖြစ်သည်။

ကလေးမြို့ တာဟန်းသပိတ် ဒုတိယအကြိမ် အကြမ်းဖက်ဖြိုခွဲခံရသည့် နှစ်ပတ်လည်နေ့ ဧပြီ၇ ရက်မှ စတင်ပြီး ကလေးမြို့တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၀ ရက် နံနက်၉နာရီတွင်လည်း ကလေးမြို့တောင်ဖီလာရပ်ကွက် ဂေါက်ကွင်းအနီးတွင် စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်များက ကလေးမြို့ အ.ထ.က (၂) ကျောင်းအနီးရှိ ခရစ်ယာန်ဘုရားကျောင်းတွင် တပ်စွဲပြီး လူနေရပ်ကွက်များထဲကို လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

“လူငယ်တွေက ဘုရားကျောင်းကို ဘာသာရေးအဆောက်အအုံဖြစ်လို့ မပစ်တာကို စစ်တပ်ဘက်က အခွင့်အကောင်းယူပြီး ရမ်းကားနေကြတယ်”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်၊

ဒေသခံကာကွယ်ရေးတပ်များကလည်း ကလေးမြို့အနောက်ပိုင်းကိုမလိုအပ်ပဲ သွားလာခြင်းမပြုရန်နှင့် ပြည်သူများနေအိမ်အတွင်း၌သာ နေထိုင်ကြရန်လည်း ဒေသခံကာကွယ်ရေးတပ်များက မေတ္တာရပ်ခံ သတိပေးထားသည်။

PDF ကလေး ကလည်း ကလေးမြို့နယ်တောင်ပိုင်း၌ တိုက်ပွဲအခြေအနေတင်းမာမှုများ ပိုမိုဖြစ်ပေါ်လာနိုင်တာကြောင့် ဧပြီ၉ ရက်မှစတင်ပြီး ရက်သတ္တ​တစ်ပတ်အတွင်း ကလေး-ဂန့်ဂေါလမ်း၌ သွားလာခြင်းများ လုံးဝမပြုလုပ်ကြပါရန် ပြည်သူများသို့ သတိပေးမေတ္တာရပ်ခံထားသည်။

ကလေးမြို့တာဟန်းခံတပ်သပိတ်ကို အကြမ်းဖက်စစ်ကောင်စီ ၂၀၂၁ ဧပြီ ၇ရက်တွင် အကြမ်းဖက်ဖြိုခွင်းပြီး ​ဒေသခံပြည်သူ ငါးဦးထက်မနည်းသေဆုံးပြီး ၂၀ကျော်အဖမ်းခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။