Connect with us

Hi, what are you looking for?

News

ဒီမောဆိုကို စစ်ကောင်စီ ထိုးစစ်ဆင်နေ

“ဒေါငံခါးရွာတိုက်ပွဲမှာ KNDF တပ်ရင်း(၂)ကသုံးဦးကျတယ်။ KNDF တပ်ရင်း(၁)နဲ့ KGZကလည်း ကျတယ်။ ဒါကြောင့် ရှေ့တန်းအတွက် နှုတ်ခမ်းနီ(သေနတ်ကျည်ဆန်)ဖိုးတွေ လိုနေတယ်။ ရတဲ့နည်းနဲ့ ကူကြပါ”ဟု တိုက်ပွဲဝင် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

(KNDF တပ်ရင်း (၂) ရဲ​​​ဘော်များ ဗုံးရှင်းလင်း​ရေး ​ဆောင်ရွက်​နေစဥ်)

▪️ထိခိုက်ကျဆုံးမှုရှိ​နေပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များအတွက် လက်နက်ခဲယမ်းအရေးပေါ် လိုအပ်နေဟုဆို

ကရင်နီပြည်နယ် ဒီမောဆိုမြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းရော အဝေးပစ်လက်နက်ကြီးဖြင့်ပါ အသုံးပြုတိုက်ခိုက်နေ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ငါးဦးထက်မနည်းကျဆုံးထားပြီး အရေးပေါ် လိုအပ်သော လက်နက်ခဲယမ်း
အတွက် လှူဒါန်းပေးကြရန် ကရင်နီအမျိုးသားမျာယကာကွယ်​ရေးတပ်(KNDF)က တိုက်တွန်းသည်။

ဒီမောဆိုမြို့နယ် ဒေါငံခါးကျေးရွာကို ယနေ့(ဧပြီ ၁၁ရက်) နံနက်အစောပိုင်းကစတင်ပြီး အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်နေခြင်း ဖြစ်သည်။

“ဒေါငံခါးရွာတိုက်ပွဲမှာ KNDF တပ်ရင်း(၂)ကသုံးဦးကျတယ်။ KNDF တပ်ရင်း(၁)နဲ့ KGZကလည်း ကျတယ်။ ဒါကြောင့် ရှေ့တန်းအတွက် နှုတ်ခမ်းနီ(သေနတ်ကျည်ဆန်)ဖိုးတွေ လိုနေတယ်။ ရတဲ့နည်းနဲ့ ကူကြပါ”ဟု တိုက်ပွဲဝင် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဒီမောဆိုမြို့ရှိ စစ်ကောင်စီအမြောက်ကုန်းပေါ်မှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး လေကြောင်းရော မြေပြင်ကပါ တိုက်ခိုက်ခံနေရသည်ဟု အဆိုပါရဲဘော်ကပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကရင်နီပြည်နယ်အတွင်းသို့ မတ်လကုန်တွင် အင်အားတိုးချခဲ့ပြီး ဧပြီလဆန်းတွင် စစ်ကြောင်းစတင်ထိုးခဲ့သည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော်- KNDF (Karenni Nationalies DefenceForce) အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်နေသည်။

လက်နက်ခဲယမ်းလိုအပ်ချက်လည်း ကြီးမားနေကြောင်း KNDFက​ ထုတ်ပြန်ထားပြီး လူထုအနေဖြင့် အောက်ပါ Link https://www.facebook.com/KNDF19/
သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။