Connect with us

Hi, what are you looking for?

News

ဦး​တေဇမိသားစုပိုင် Harry’s Bar တွင်ဗုံးကွဲ

“မှန်တွေကွဲသွားတယ်၊ ဘားထဲက လူတွေထိခိုက်တာမျိုးမရှိပါဘူး” ဟု ကိုယ်တိုင်မြင်ခဲ့ရသူတစ်ဦးက ပြောသည်။

မြန်မာပလာဇာရှိ ဦးတေဇ၏မိသားပိုင်ဆိုင်သည့် Harry’s Bar တွင် ယနေ့ ညနေ ၄နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မျက်မြင်​တွေ့ရှိသူများကပြောသည်။

ပေါက်ကွဲမှုကြောင့် လူထိခိုက်ခြင်းမရှိဘဲမှန်များကွဲသွား​ကြောင်းလည်း သိရသည်။

“မှန်တွေကွဲသွားတယ်၊ ဘားထဲက လူတွေထိခိုက်တာမျိုးမရှိပါဘူး” ဟု ကိုယ်တိုင်မြင်ခဲ့ရသူတစ်ဦးက ပြောသည်။

Harry’s Barသည် စင်ကာပူအခြေစိုက်လုပ်ငန်းဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီကို လက်နက်တင်သွင်းပေးသည့် ဦးတေဇ၏မိသားစု ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“Harry’s ကစစ်တပ်နဲ့ဆက်စပ်နေလို့ခွဲတာထင်တယ်။ အခုတော့ အဲ့နားမှာ စစ်တပ်ကောရဲတွေကော အများကြီး ပဲလမ်းပိတ်ပြီးစစ်ဆေးဖို့ရောက်နေတယ်”ဟု ရန်ကင်းမြို့ခံတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် ယနေ့ ညနေတွင် ဗုံးပေါက်ကွဲမူများဆက်တိုက်ဖြစ်ပွားနေသည်ဟုလည်း မြို့ခံများထံသိရသည်။

ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးမှုများ အတင်းအကြပ်ပြုလုပ်နေစဉ် ယခုလိုပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကစစ်​ကောင်စီပစ်မှတ်များကို မြို့ပြစစ်ဆင်ရေးအဖြစ် နန်းထိုက်အောင် စစ်ဆင်ရေးဖြင့်အရှိန်မြှင့်တိုက်ခိုက်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီအနေဖြင့် လူစည်ကားရာ နေရာများ ပွဲတော်များ၌ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ပြီး တော်လှန်ရေးဘက်တော်သားများကို လွှဲချလေ့ရှိ၍ ပြည်သူများ အနေဖြင့်များစွာသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်များက ဧပြီ ၁၁ ရက် ကပင်လူထုသို့သတိပေးခဲ့သည်။

သတင်း

ယမန်နေ့ (မတ် ၁၂ ရက်) ညနေ ၄ နာရီခွဲဝန်းကျင်က ပြည်မြို့ မင်းကြီးတောင်ပေါ်ရှိ ယုံဖြူတောင် ၌တပ်စွဲထားသော စရဖရုံးတွင် ပေါက်ကွဲမှုဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာ

ခွဲထွက်ရေး သူပုန် အဖွဲ့အစည်းတချို့ လှုပ်ရှားနေတာကြောင့် မတည်မငြိမ် အခြေအနေတချို့ ရင်ဆိုင်နေရတဲ့ ထိုင်းတောင်ပိုင်းက ရထားလမ်းဘေး တစ်နေရာမှာ ဗုံးကွဲမှု ဖြစ်ခဲ့တာလို့ ရဲတွေက ဒီဇင်ဘာ ၆ ရက်မှာ ပြောပါတယ်။