Connect with us

Hi, what are you looking for?

News

ဟင်္သာတမြို့လယ်မှ သင်္ကြန်မဏ္ဍပ် မိုင်းပေါက်ကွဲ

စစ်ကောင်စီ၏သင်္ကြန်ပွဲကို သပိတ်မှောက်သွားမည်ဟု မြို့ခံအများစုက ဆိုသည်။

(ဟင်္သာတမြို့လယ်တစ်​နေရာကို ​တွေ့ရစဥ်)

ဧရာဝတီတိုင်း ဟင်္သာတမြို့လယ်​တွင် စစ်ကောင်စီက ဆောက်လုပ်နေသည့်သင်္ကြန်မဏ္ဍပ်၌ မိုင်းပေါက်ကွဲခဲ့ပြီး မဏ္ဍပ်အနီးရှိ အနှေးယာဥ်လုပ်သားအချို့ကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု မြို့ခံများက ပြောသည်။

“အသံမိုင်းလို့​ပြောတယ်။ မနက် ၅နာရီက ကွဲတာ။ လူတော့ မထိဘူး။အနားက ဆိုက်ကားဆရာတွေတော့ ဖမ်းသွားတယ်”ဟု ပေါက်ကွဲမှုဖြစ်ရာအနီးရှိ ပြည်သူတစ်ဦးက ဖုန်းဖြင့် ဆက်သွယ်ပြောသည်။

Public Service Announcement

စစ်ကောင်စီသည် ဟင်္သာတမြို့ပတ်အဝိုင်းအနီး အချက်အချာကျသည့်နေရာတွင် ဗဟိုမဏ္ဍပ်ဆောက်လုပ်ပြီး သင်္ကြန်ပွဲကျင်းပရန် စီစဥ်ထားသည်။ စစ်ကောင်စီ၏ အတုအယောင် သင်္ကြန်တွင် ပူးပေါင်းပါဝင်သူများကို တိုက်ခိုက်သွားမည်ဟု ဧရာဝတီတိုင်း တော်လှန်ရေးအင်အားစုက သတိ​ပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏သင်္ကြန်ပွဲကို သပိတ်မှောက်သွားမည်ဟု မြို့ခံအများစုက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ဟင်္သာတမြို့က ပါဆယ်လမ်းမှာရှိတဲ့ ခြောက်ခန်းတွဲ မီးရထားတန်းလျား မီးလောင်မှုဖြစ်ပြီး တန်းလျားတစ်ခုလုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လေမျက်နှာ နှင့်​ ​ရေကြည်မြို့နယ်တွင်တိုက်ပွဲများဖြစ်ပွား​နေ

သတင်း

အာရက္ခတပ်​တော်(AA) ကအပစ်ရပ်ကြေညာချက်ဖြင့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ထိုးစစ်ရပ်တန့်ထားသော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲနေပြီး ဟင်္သာတမြို့အဝင်တနေရာတွင် လက်နက်ကြီးတပ်ဆင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။

သတင်း

ဟင်္သာတမြို့ ၊လယ်တီကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ထွန်းသည် စစ်ကောင်စီက တရားမဝင်ခွင့်ပြုပေးထားသည့် ကြက်ဝိုင်းတွင်း ဓားထိုးခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားသည်။