Connect with us

Hi, what are you looking for?

News

ယခုလိုခက်ခဲသည့်ကာလတွင် မြန်မာပြည်သူများနှင့် တသားတည်းရှိနေကြောင်း နော်ဝေးသံရုံးထုတ်ပြန်

“နှစ်သစ်က မြန်မာပြည်သူလူထုအတွက် ပိုမိုကောင်းမွန်တဲ့အရာတွေ ဆောင်ကြဉ်းပေးလာမယ်လို့ မိမိတို့မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးသံရုံးက ဆိုသည်။

ဓာတ်ပုံ - Royal Norwegian Embassy in Yangon

ယခုကဲ့သို့ ခက်ခဲသည့်ကာလတွင် မြန်မာပြည်သူများနှင့် တသားတည်းရှိနေကြောင်း နော်ဝေးသံရုံးက ထုတ်ပြန်သည်။

“နှစ်သစ်က မြန်မာပြည်သူလူထုအတွက် ပိုမိုကောင်းမွန်တဲ့အရာတွေ ဆောင်ကြဉ်းပေးလာမယ်လို့ မိမိတို့မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးသံရုံးက ဆိုသည်။

နှစ်သစ်ကူး သင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံ၌ အထူးခြားဆုံး အားလပ်ရက်များထဲမှ တစ်ခုဖြစ်ပြီး နိုင်ငံတဝန်းလုံးတွင် ကျင်းပလေ့ရှိသော်လည်း ကိုဗစ်-၁၉ ကူးစက်မှုများ စတင်လာချိန်၊ ပြီးခဲ့သည့်နှစ် စစ်တပ်အာဏာသိမ်းမှု စတင်ခဲ့ချိန်ကတည်းက ပြင်းထန်ခက်ခဲသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သံရုံးက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ရွာလုံးကျွတ်မီးရှို့ခြင်း၊ တိုင်းရင်းသားဒေသများကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း စသည့် လူမဆန်သောရာဇဝတ်မှု များကို ကျူးလွန်နေသည့်တပြိုင်နက် မကြာခင်ကျရောက်မည့် သင်္ကြန်ပွဲတော်ကိုလည်း ပုံမှန်အတိုင်းကျင်းပရန် စီစဉ်နေသည်။

Public Service Announcement

Public Service Announcement

သို့ရာတွင် တော်လှန်ရေးအင်အားစုများက အကြမ်းဖက်စစ်ကောင်စီလက်အောက် သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲခြင်းမပြုရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ မဏ္ဍပ်များကို တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု သတိပေးထားသည်။

လူ့အခွင့်အရေးကို ကာကွယ်ရင်း ကျဆုံးခဲ့သူများ​၊အရပ်သားဆန္ဒပြပွဲများကို စစ်တပ်က ဖြိုခွင်းသဖြင့် အသက်ဆုံးရှုံးခဲ့ရသူများအား ရည်စူးပြီး နှင်းဆီပန်း ၁၃၂၃ကို နော်​ဝေသံရုံးက ၂၀၂၁ ဒီဇင်ဘာ ၁၀ရက်တွင် ခင်းကျင်းဂုဏ်ပြုခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မောင်ဖြစ်သူ နော်ဝေးဘုရင်ရဲ့ ဈာပနကို တက်ရောက်ပြီး ၂ ရက်အကြာမှာပဲ နော်ဝေး မင်းသမီးကြီး အက်စ်ထရစ်လည်း ကွယ်လွန်သွားကြောင်း သိရပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

နော်ဝေးနိုင်ငံက ထိန်းချုပ်ထားတဲ့ ရုရှား သင်္ဘောကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ရုရှားက တောင်းဆိုလိုက်ပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။